ထိုင်းနိုင်ငံ အရှေ့ပိုင်းနယ်စပ်ပြည်နယ် Muang ခရိုင် တမ်ဘွန် Tha Yaek က အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှာ “ဒေါင့်သန်း” ရောဂါ ကူးစက်ခံထားကြောင်း တွေ့ရှိရတယ်လို့ ပြည့်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။ 

အဆိုပါ အမျိုးသားရဲ့ ဦးခေါင်း ၊ လည်ပင်းနောက်နဲ့ ခြေလက်တွေမှာ ဒဏ်ရာတွေတွေ့ရှိခဲ့တာကြောင့်ဆရာဝန်က စမ်းသပ်ကြည့်ရာမှ ထောင့်သန်းပိုးကူးစက်ခံခဲ့ရတယ်လို့ အတည်ပြုခဲ့တာပါ။ ရောဂါ ကူးစက်ခံရသူ အမျိုးသားဟာ အရက်သောက်သုံးစဉ်မှာ မကြာခန အမဲသားအစိမ်းကို တွဲဖက်စားသုံးမိတယ်လို့ ဆေးရုံကိုလည်း ထွက်ဆိုထားပါတယ်။ 

ကူးစက်ရောဂါဖြစ်ပွါးနေတာကြောင့် ဖျားနာတာ ဒါမှမဟုတ် ပုံမှန်မဟုတ်ပဲသေဆုံးသွားတဲ့ အမဲ၊ဆိတ်၊သိုးတွေနဲ့ ထိတွေ့မှုကိုရှောင်ရှားဖို့ သတိပေးထားပါတယ်။ 

ထောင့်သန်းပိုးဟာ အပူနဲ့ဓာတုဖျက်ဆီးမှုကို ခံနိုင်ရည်ရှိပြီး သဘာဝပတ်ဝန်းကျင်မှာ ၁၀ နှစ်ကျော် ရှင်သန်နိုင်ပါတယ် ။ ပိုးကူးစက်ခံရတဲ့ တိရိစ္ဆာန်များအနေနဲ့ အလွယ်တကူသေဆုံးနိုင်ပြီး တိရိစ္ဆာန်တွေကတစ်ဆင့် လူကိုကူးစက်နိုင်တာဖြစ်ပါတယ်။ 

လူတွေမှာ ထောင့်သန်းပိုး ကူးစက်ခံရတဲ့အခါ အသက်သေဆုံးနိုင်ခြေ ၈၀% အထိရှိတယ်လို့သိရပါတယ်။ 

သတင်း – Bangkokpost 

Share.
Leave A Reply

Exit mobile version