ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝပ်က ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာနဲ့ပတ်သတ်ပြီးပြန်လည်မြှင့်တင်ဖို့ အရေးပေါ်မူဝါဒ ငါးချက်ချမှတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ခရီးသည်အရေအတွက်ကျဆင်းသွားပေမယ့် ဥရောပနဲ့အမေရိကန်ကလာတဲ့ ချမ်းသာတဲ့ခရီးသည်တွေကြောင့် နိုင်ငံရဲ့ ငွေပမာဏအမြတ်အစွန်းတွေတက်လာခဲ့တယ်လို့ဆိုပါတယ်။ ချမှတ်လိုက်တဲ့ အရေးပေါ်မူဝါဒ ငါးချက်ကတော့
နိုင်ငံရဲ့ပုံရိပ်
ခရီးသွားတွေကို ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံတွင်း အပြင်အဆင်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာတာတွေကို ပိုမို တိုးချဲ့ရန်။
လုံခြုံရေး နဲ့ ဝန်ဆောင်မှု
ခရီးသွားအချက်အချာ ဧရိယာတွေမှာ လုံခြုံရေးအတွက် AI စောင့်ကြည့်ရေးစနစ်တပ်ဆင်ရန်နဲ့ ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးတွေကို တိုးမြှင့်နိုင်ရန်အတွက် ရဲတပ်ဖွဲ့အင်အားတိုးမြှင့်ရန်။
လေဆိပ် နဲ့ သယ်ယူပို့ဆောင်ရေး
လေဆိပ်အဝင်အထွက်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာမှာ အဆင်ပြေဖို့ စနစ်တကျစီမံရန်၊
လိမ်လည်မှုတွေတင်းကြပ်စွာတားဆီးနိုင်ရန်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုစနစ်တကျဖြစ်အောင်ပြုပြင်ရန်။
ပြည်တွင်းသယ်ယူပို့ဆောင်ရေး
ပြည်တွင်းလေကြောင်းလက်မှတ်တွေကို စနစ်တကျ သတ်မှတ်ပြီး krabi ၊ Phang Nga၊ Phuket စတဲ့နေရာတွေကြား သယ်ယူပို့ဆောင်ရေးကောင်းမွန်လာအောင် ပိုမိုမြှင့်တင်ရန်။
ပွဲလမ်းသဘင်
ခရီးသည်တွေရဲ့ သဘောထားနဲ့စိတ်ဝင်စားတဲ့အရာတွေကို
ဒေတာအချက်အလက်တွေကိုအခြေခံစစ်ဆေးပြီး တစ်နှစ်စာလုံးအတွက်
ခရီးသည်တွေအကြိုက်များတဲ့ပွဲတွေစီစဉ်ဖန်တီးရန်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာမှာ ပြန်လည်မြှင့်တင်ရန်အတွက် ဝန်ကြီးချုပ်က အခုလိုအစီအစဉ်တွေကို ချမှတ်လိုက်တာဖြစ်ပါတယ်။