ဘန်ကောက်က အသီးဈေးရောင်းပွဲတော် 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam square မှာ သစ်သီးပွဲတော်ကျင်းပဖို့ရှိပါတယ်။ 

ဇွန်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိပြုလုပ်သွားမှာ ဖြစ်ပြီးတော့တောင်သူလယ်သမားတွေဆီကတိုက်ရိုက်ရရှိတဲ့သစ်သီးတွေကို ခင်းကျင်းရောင်းချသွားမှာပါ။

ထူးခြားချက်

ပွဲရဲ့ထူးခြားချက်အနေနဲ့ လူငယ်တွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ဒူးရင်းဘူဖေးကိုပါ ထည့်သွင်းရောင်းချသွားမှာပါ။ဒါ့အပြင် သစ်သီးတွေနဲ့ပြုလုပ်ထားတဲ့ဖျော်ရည် ၊ မုန့်တို့ကိုလဲ ရောင်းချပေးသွားမှာပါ။  

စျေးကွက်

ရာသီအလိုက်သစ်သီးဝလံ ပရိုမိုးရှင်း အစီအစဉ်တွေကိုလဲ ဇွန်လ ၄ ရက်နေ့ကနေ ဩဂုတ်လ ၂၇ ရက်ထိ Gourmet Market၊ Siam Paragon၊ Big C နဲ့ Central အပါအဝင် စျေးတွေနဲ့ လက်လီလက်ကားဆိုင်တွေမှာပါ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ 

အသီးစျေးနှုန်း 

ဒူးရင်း 

  • Grade AB – ၁၃၀ ဘတ်/kg 
  • Grade C – ၉၃ ဘတ်/kg 
  • Grade D – ၇၉ ဘတ်/kg 

မက်မွန်

  • ၃၀ မှ ၈၉ ဘတ်/kg 

ကြက်မောက်

  • ပို့ကုန်စျေး – ၃၈ ဘတ်/kg
  • နိုင်ငံတွင်းဈေး – ၂၇ ဘတ်/kg

ထိုင်းအစိုးရအနေနဲ့ တောင်သူများဝင်ငွေတိုးစေရန်နှင့် ပြည်တွင်းအသီးစားသုံးမှုမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး အခုလို သစ်သီးပွဲတော်ကိုကျင်းပဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

Share.
Leave A Reply

Exit mobile version