Browsing: အလုပ်သမားရေးရာ

ထိုင်းနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် မြန်မာနိုင်ငံသားတွေဟာ အဓိက အင်အားစုအဖြစ် ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။ နယ်စပ်အရေးအခင်းကြောင့် ကမ္ဘောဒီးယားလုပ်သားတွေ နေရပ်ပြန်သွားပေမဲ့လည်း ဩဂုတ်လအထိ စာရင်းတွေအရ ရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၂၃ ရာခိုင်နှုန်း၊ လူဦးရေးအားဖြင့် ၇၀,၀၀၀ လောက်အထိ တိုးလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရှိ စုစုပေါင်း…

ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အကြီးအကဲများ အစည်းအဝေးမှာ အလုပ်ရှာဖွေရေးဦးစီးဌာန (DOE) က အရေးကြီးတဲ့ မူဝါဒ (၄) ခုကို တင်ပြဆွေးနွေးခဲ့ပါတယ်။ တင်ပြခဲ့တဲ့ အဓိက အစီအစဉ် (၄) ရပ် ကတော့ ရွှေ့ပြောင်းလုပ်သားကဏ္ဍရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပြီး ထိုင်းနိုင်ငံသားတွေရဲ့…

စမွတ်စာခွန်မြို့မှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေ ခိုးသွင်းတဲ့ ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို လူဝင်မှုကြီးကြပ်ရေး ရဲတွေက ဖမ်းဆီးမိခဲ့ပြီး သူတို့ရဲ့ ဘဏ်အကောင့်ထဲမှာ ဘတ်ငွေ သန်း ၁၀၀ ကျော်လောက် လည်ပတ်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူတွေက မြန်မာနိုင်ငံသားတစ်ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ စုံစမ်းထောက်လှမ်းရာမှာ သူတို့နှစ်ယောက်ဟာ မြောက်ပိုင်းနယ်စပ်ကနေ…

ချွန်ပူလီမြို့မှာ အလုပ်သွားဖို့ ကားစောင့်နေရင်း စက်ချို့ယွင်းတဲ့ကား ဝင်တိုက်ခံရကာ အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာအလုပ်သမား ကိုစိုးလင်းဦးအတွက် အာမခံနစ်နာကြေး ဘတ် ၁၂ သိန်းလောက် မိသားစုက ပြန်လည်ရရှိမယ်လို့ သိရပါတယ်။ ချွန်ပူလီမြို့မှာရှိတဲ့ ဂျက်လစင်ဟွေ့ပါ ကွန်ဒိုအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့၊ မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။ …

တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်မှာ သဘာဝနယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို ရဲနဲ့ ပူးပေါင်းအဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေဖြစ်တဲ့ ဖုတ်ဖရာရဲစခန်း၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖုတ်ဖရာမြို့နယ်၊ ဝါလေတိုင် – မော်ကဲလ်ထိုင်း ကျေးရွာတစ်ဝိုက်မှာ ကင်းလှည့်နေစဉ် သံသယဖြစ်ဖွယ် ကားနှစ်စီးကို…

တရုတ် ၂ ဦးနဲ့ မြန်မာ ၁ ဦး ဖမ်းဆီးခံရ  ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်စစ်ဆေးရာမှ အွန်လိုင်းကနေ ပစ္စည်းတိုက်ရိုက်ထုတ်လွှင့်ရောင်းချနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ဘန်ကောက်၊ ဒင်နန်းခရိုင်၊ အင်တာမရာ…

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ MOU/CI ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၂၁ ဦးဟာ သူတို့ရဲ့သူဌေးဖြစ်သူ ဆီကနေ တစ်နှစ်စာ လုပ်အားခတွေ မရတာကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (WAG) ရဲ့ အကူအညီနဲ့ ညှိနှိုင်းနိုင်ခဲ့ရတယ်လို့ သိရပါတယ်။ကျန်ရှိနေတဲ့ လုပ်အားခစုစုပေါင်းက ဘတ် ၁၄၀,၀၀၀၀ ခန့် ရှိတာပါ။ …

ကန်ချနာဘူရီခရိုင်၊ ဆိုင်းရို့ အဝေးပြေးရဲတွေဟာ လမ်းမပေါ်မှာ အလေးချိန်များစွာ တင်ဆောင်ထားပြီး အရှိန်နဲ့ မောင်းလာတဲ့ သံသယဖြစ်ဖွယ် ကားတစ်စီးကို တွေ့ရှိခဲ့တာကြောင့် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကားဟာ လမ်းဆုံမီးပွိုင့်မှာ မီးနီမိလို့ ရပ်တန့်နေတုန်း ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆေးကြည့်ရာမှာ အသက် ၄၄…

စမွတ်စာခွန်ခရိုင်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂ ကျောင်းကို အောက်တိုဘာ ၉ ရက်နေ့က အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီးနောက် စာသင်ကြားပေးနေတယ်ဆိုတဲ့ ဆရာ၊ ဆရာမ ၂၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဒီနေရာက အရင်က ကျောင်းသားတွေအတွက် တရားဝင်ပညာရေးဌာန ဖြစ်ခဲ့ပေမယ့် လက်ရှိမှာ လိုင်စင်ရုတ်သိမ်းပြီး ရပ်ဆိုင်းထားတာပါ။ ဝင်ရောက်စစ်ဆေးချိန်မှာတော့ ကလေးငယ်တွေဟာ…

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်အခြေအနေမရှိသေးတဲ့ အိမ်နီးချင်းလေးနိုင်ငံက အလုပ်သမားတွေကို မှတ်ပုံတင်ပေးမယ့် အထူးစီမံကိန်းကို ကြေညာထားပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ပြီး ၂၉ရက်နေ့ထိ ၁၅ ရက်သာ အွန်လိုင်းကနေ မှတ်ပုံတင်ခွင့်ပြုမှာပါ။ အလုပ်သမားတွေအနေနဲ့ ဘတ်ရိုက်တဲ့ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးဖို့ စောင့်စရာမလိုဘဲ မှတ်ပုံတင်ကြေး ပေးဆောင်ထားတဲ့ ငွေချေဖြတ်ပိုင်းကို ယာယီအလုပ်လုပ်ခွင့်လက်မှတ်အဖြစ် အသုံးပြုနိုင်မယ်လို့…