နှစ်ရက်အတွင်း သုံးသောင်းနီးပါး ကူးစက်ခံရ

ထိုင်းမှာ ဇွန်လ ၁ ရက်နေ့နဲ့  ၂ ရက်နေ့ နှစ်ရက်အတွင်း ကိုဗစ်ဖြစ်ပွါးသူ အသစ်၂၈၂၉၄ ဦးရှိလာပါတယ်။  ၂၀၂၅ ခုနှစ်အတွင်း ယခုချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၆၉ ဦးအထိရှိလာပြီး ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေအများဆုံးပါဝင်ပါတယ်။ အဓိကအနေနဲ့ လူနေထူထပ်တဲ့ မြို့ကြီးတွေနဲ့ ခရီးသွားဧရိယာတွေမှာ အများဆုံးဖြစ်ပွါးတာပါ။ 

ရောဂါပြင်းထန်မှုအခြေအနေ

လတ်တလောထိုင်းမှာဖြစ်ပွါးနေတဲ့ ကိုဗစ်မျိုးကွဲ XEC က ကူးစက်မြန်ပေမယ့် ပြင်းထန်မှုနည်းပါတယ်။ 

ကိုယ်ခံအားကောင်းတဲ့သူတွေအနေနဲ့ ကိုဗစ်ကူးစက်ခံရရင် ပြင်းထန်တဲ့ရောဂါလက္ခဏာမျိုး မရှိပဲ အနည်းငယ်ဖျားတာ နှာစေးချောင်းဆိုးတာမျိုးဖြစ်ပြီး OTC ဆေးတွေနဲ့ သက်သာလာနိုင်ပေမယ့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ကူးစက်ခံရရင်တော့ ဆေးရုံမှာသွားစစ်သင့်ပါတယ်။ 

မိုးရာသီမှာ ကူးစက်မှုမြင့်တက် 

လက်ရှိ မိုးရာသီ ဖြစ်တဲ့အတွက် ပိုးတွေ့နှုန်း ပိုများလာတာကြောင့် ခုလိုကျောင်းဖွင့်ချိန်ကာလမှာ ကလေးတွေကို ကိုဗစ်မဖြစ်ပွါးအောင် ပိုပြီးဂရုစိုက်ရမယ့်ကာလလည်းဖြစ်ပါတယ်။ 

ကာကွယ်ရန်

ရောဂါကူးစက်တာတွေမြင့်တက်နေတာကြောင့် လူနေထူထပ်တဲ့နေရာတွေကို အတတ်နိုင်ဆုံးရှောင်ရှားဖို့၊ လက်ဆေးဖို့ ၊ မက်စ်တပ်ဖို့ နဲ့ လိုအပ်ရင်ဖျားနာကာကွယ်ဆေးတွေထိုးကြဖို့ လိုပါတယ်။ 

ဆေးရုံသွားဖို့လိုအပ်တဲ့ လက္ခဏာ

  • ကိုယ်အပူချိန် ၃၈.၅•C အထက် 
  • အသက်ရှူရခက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း 
  • သွေးတွင်းအောက်ဆီဂျင်၉၅% ထက်နည်းခြင်း

အန္တရာယ်ရှိသူများ 

  • အသက်ကြီးသူများ
  • ရောဂါအခြေခံရှိသူများ
  • တစ်နှစ်မပြည့်သေးသောကလေးများ
  • ကိုယ်ဝန်ဆောင်မိခင်များ



ကိုဗစ် 19 ကြောင့် သေဆုံးမှုနှုန်း နည်းနေဆဲဖြစ်ပေမယ့် သတိထားနေထိုင်ဖို့ လိုအပ်ပြီး မက်စ်တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးနေရာရှောင်ခြင်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုပါတယ်။ 

Share.
Leave A Reply

Exit mobile version