Browsing: Culture Connect

နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ကိုယ်ရောက်ရှိနေတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့တွေကို နားလည်ထားဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် နားလည်မှုလွဲတာ၊ ပြဿနာဖြစ်တာမျိုး မဖြစ်ရလေအောင် ဒီအချက်လေးတွေကို သတိပြုသင့်ပါတယ်။ ၁။ ဓလေ့ထုံးတမ်းနှင့် လူမှုဆက်ဆံရေးပုံစံများကို လေ့လာပါ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ အဲဒီနိုင်ငံက လူတွေ ဘယ်လိုနှုတ်ဆက်ကြလဲ၊ စကားပြောတဲ့အခါ ဘယ်လိုပုံစံမျိုး…

ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုမှာ လေးစားမှု နဲ့ သဟဇာတဖြစ်မှုက အဓိကကျပါတယ်။ ဒီယဉ်ကျေးမှုတွေထဲမှာ ပွဲတော်တွေဟာ အလုပ်နဲ့ဘဝ မျှတအောင် နေထိုင်ရေးအတွက် အရမ်းအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီပွဲတော်တွေက ဝန်ထမ်းတွေကို အနားယူခွင့်ပေးပြီး၊ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းစေကာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ဂုဏ်ပြုခွင့်ပေးပါတယ်။ ထိုင်းနိုင်ငံက စည်ကားတဲ့ ပွဲတော်တွေနဲ့ အပန်းဖြေလှုပ်ရှားမှုတွေကြောင့် ကျော်ကြားပါတယ်။…

ဒီတစ်ပတ်မှာ ထိုင်းအစိုးရ ရုံးပိတ်ရက်ရှည် ရှိပါတယ်။ Asalha Bucha နေ့လို့ ထိုင်းမှာ ခေါ်ကြပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ဓမ္မစကြာနေ့ ဖြစ်ပါတယ်။ ထိုင်းမှာ ဒီလိုနေ့တွေကို ဘယ်လိုကျင်းပလဲ သူတို့ ရိုးရာဘာတွေ ရှိလဲ၊ ကိုယ်ရော ဘယ်လို ပါဝင်နိုင်လဲ ပြောပြပါမယ်။ဒီတစ်ပတ် ပိတ်ရက် ထိုင်းမှာ ဝါဆိုလပြည့်၊…

မြန်မာနိုင်ငံမှာ “လက်အုပ်ချီခြင်း” ဆိုတာက ရိုးရာယဉ်ကျေးမှုတစ်ခုပါ။ ထိုင်းလူမျိုးတွေအတွက်လည်း လက်အုပ်ချီတာက အရိုအသေပေးတဲ့ အရေးကြီးဆုံးနည်းလမ်းတစ်ခုပါပဲ။ ထိုင်းမှာ Wai (ဝိုင်)လို့ ခေါ်တဲ့ လက်အုပ်ချီခြင်းက အမျိုးအစားသုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးအနေနဲ့ ဘုရားပုထိုး၊ စေတီ၊ ဆင်းတုတော်နဲ့ သံဃာအရှင်သူမြတ်တွေကို ဂါရဝပြုတဲ့အခါ။ဒီအခါမှာ လက်အုပ်ကို ရင်ဘတ်ထိပ်မှာထားပြီး၊ လက်မက မျက်ခုံးနှစ်ခုကြားကို ထိရပါမယ်။ခေါင်းကိုလည်း အနည်းငယ်ငုံ့ပြီး…

ထိုင်းတွေက အဖွဲ့လိုက်အလုပ်လုပ်တာကို ဘာကြောင့်သဘောကျလဲ ၊ ထိုင်းမှာ အလုပ်လုပ်နေပြီဆိုရင် ဒါက ဘာလို့ အရေးကြီးတာလဲ။ အလုပ်တာဝန်ကျေဖို့ လိုသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတွဲညီဖို့လဲ လိုတာကြောင့် ဒီနေ့ လုပ်ငန်းခွင်က ထိုင်းတွေရဲ့ ပေါင်းသင်းဆက်ဆံရေး ဓလေ့ကို ပြောပြပါမယ်။ အလုပ်လုပ်ရင်း တခါတရံ “ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်တာဝန်ပဲ။ ကိုယ့်ဘာသာလုပ်ပြီး ပြီးသွားရင်ရပြီ”…

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် လစဉ်ကြေး ဘတ် ၃၀၀ သာကျသင့်မယ့် ထိုင်းဘာသာစကား သင်တန်းတစ်ခုကို ဖန်ငါခရိုင်၊ တာကွာပါမြို့နယ်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒီသင်တန်းကို ပညာရေးနှင့် တိုးတက်ရေးဖောင်ဒေးရှင်း FED (foundation for Education and development ) ကနေ ထိုင်းရောက်မြန်မာလုပ်သားများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ …

စကားလုံးတွေက တိုတိုလေးတွေမို့ မှတ်ရလွယ်ပြီး အသုံးဝင်ပါတယ်။ ထိုင်းစကားကို သေချာမသင်နိုင်သေးရင် ဒီစကားလုံးလေးတွေက အလုပ်ဖြစ်တာကို တွေ့ရမှာပါ။ ခ၊ခရပ် “ခ” ဆိုတာ “ရှင့်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး “ခရပ်” ကတော့ “ဗျ” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဥပမာ ယောကျာ်းလေးဆိုရင် ဆဝါဒီခရပ် လို့ပြောရမှာဖြစ်ပြီး မင်္ဂလာပါဗျ လို့…

ပြီးခဲ့နှစ်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ဟာ ဆုန်ခရမ်နဲ့ပတ်သက်ပြီး ပြည်သူတွေ သတိထားရမယ့် အချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အောက်ပါအချက်တွေဟာ ဒီထုတ်ပြန်ချက်ကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ လုံခြုံရေးကတော့ နံပါတ်တစ်ပါပဲ။ နှစ်တိုင်း မတော်မဆဖြစ်မှုတွေ တော်တော်များပါတယ်။ ရေစိုနေရာတွေနားရောက်လာရင် ဆိုင်ကယ်အရှိန်လျော့ပါ။ ရုတ်တရက် ဘရိတ်အုပ်ရတဲ့ အခြေအနေမျိုးမဖြစ်အောင်…

အလိုမတူဘဲ ရေပက်ခြင်း ရေပက်မခံချင်တဲ့လူကို ရေပက်ခွင့်မရှိပါဘူး။ ပြစ်ဒဏ်ဟာ ဒဏ်ငွေ တစ်သောင်းကနေ ထောင်ဒဏ်တစ်လထိရှိပါတယ်။ ထောင်ဒဏ်၊ငွေဒဏ်နှစ်ရပ်စလုံးလည်း ရှိပါတယ်။ကိုယ်ရဲ့ ရေပက်ခြင်းအပြုအမူကြောင့် တခြားသူရဲ့ ပိုင်ဆိုင်မှု ပျက်စီးထိခိုက်မယ်ဆိုရင်လည်း ဒဏ်ငွေ ဘတ်ခြောက်သောင်းကနေ ထောင်ဒဏ်သုံးနှစ်ထိရှိပါတယ်။ ဥပမာ – ဖုန်းလို ပစ္စည်းမျိုး ရေစိုသုံးမရဖြစ်ခဲ့ရင် ဒီဥပဒေထဲ အကျုံးဝင်ပါတယ်။ မူးပြီးမောင်း ဆုန်ခရမ်မှာ…

လာမယ့် ဆုန်ခရမ်ကာလမှာ ထိုင်းနိုင်ငံတွင်း မုန်တိုင်းရှိနိုင်တယ်လို့ သိရပါတယ်။ ထိုင်းမိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ အပူပိုင်းမုန်တိုင်းကြောင့် မိုးကြိုးများနဲ့ လေကြီးမိုးကြီးများ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဧပြီ ၁၂ ကနေ ၁၄ ရက်နေ့အတွင်း ကျရောက်နိုင်တာဖြစ်တယ်လို့ လည်း သိရပါတယ်။ ထိုင်းနိုင်ငံအထက်ပိုင်းဒေသနေထိုင်သူတွေကို အဆိုပါဆုန်ခရမ်ကာလအတွင်း မုန်တိုင်းကို…