ထိုင်းမှာ အနိမ့်ဆုံးတစ်ရက်လုပ်အားခ အများဆုံးရတာ ဘန်ကောက်လို့ ထင်ကြပေမယ့် ဒါက မဟုတ်ပါဘူး။ ဘန်ကောက်က ဒုတိယနေရာမှာတောင် မရှိပါဘူး။

လက်ရှိထိုင်းဥပဒေအရ အမြင့်ဆုံးရတာ ဖူးခက်ဖြစ်ပါတယ်။ အနိမ့်ဆုံးတစ်ရက်လုပ်အားခကို ဘတ်လေးရာနဲ့ ဖူးခက်၊ ချခွန်စော၊ ချွန်ဘူရီ၊ ရယောင်နဲ့ ကောစမွေတို့က အမြင့်ဆုံးမှာရှိပါတယ်။ သူတို့နောက်မှာ တစ်နေ့ ဘတ်၃၈၀ နဲ့ ချင်းမိုင်၊ ဆောင်ခလာ၊ ဟတ်ယိုင် တို့ရှိပါတယ်။ 

ဘန်ကောက်နဲ့ ပထုမ်ထာနီအပါအဝင် တခြားလေးနေရာက အနိမ့်ဆုံးတစ်နေ့လုပ်အားခ ၃၇၂ ဘတ်နဲ့ တတိယနေရာမှာရှိပါတယ်။ 

အနည်းဆုံးရတဲ့နေရာတွေကတော့ နရာထီဝပ်၊ပဌာနီနဲ့ ယဲလာတို့ဖြစ်ပြီး တစ်နေ့ကို ၃၃၇ ဘတ်ပဲ ရတာ ဖြစ်ပါတယ်။ 

အနိမ့်ဆုံးတစ်နေ့လုပ်အားခ ဘတ် ၃၅၀ ကျော်သော နေရာများ

ဘတ် ၄၀၀ – ဖူးခက်၊ ချခွန်စော၊ ချွန်ဘူရီ၊ ရယောင်၊ ကောစမွေ

ဘတ် ၃၈၀ – ချင်းမိုင်စီရင်စု၊ ဟတ်ယိုင်စီရင်စု

၃၇၂ ဘတ် – ဘန်ကောက်၊ ပထုမ်ထာနီ၊စမွတ်ပကန်၊စမွတ်စာခွန်၊နွန်ထဘူရီ၊နခေါပထုမ်

၃၅၉ ဘတ် – နခွန်ရာချာဆီမား

၃၅၈ ဘတ် – စမွတ်စုန်ခရမ်း 

၃၅၇ ဘတ် – ချင်းမိုင်ပြည်နယ် (ချင်းမိုင်စီရင်စုမပါ)၊ အယုဒ္ဓယ၊ ဆာရဘူရီ၊ ခွန်ကန်

၃၅၆ ဘတ် – လွန်ဘူရီ

၃၅၅ ဘတ် – နာခွန်နာရုတ်၊ဆူဖန်ဘူရီ၊နွန်ခိုင်း

၃၅၄ ဘတ် – ခရာဘီ၊ ထရော့

၃၅၂ ဘတ် – ကန်ကျနဘူရီ၊ ဆူရတ်ဌာနီ (ကောစမွေမပါ)၊ ကျန်းထဘူရီ၊ ချင်းရိုင်၊ တာ့ခ်၊နခေါပနွမ်၊ ဘူရီရမ်၊ ဖန်းငါး၊ ပိဆနူးလော၊ မွတ်ဒါဟန်၊ ဆကွန်နကွန်၊ ဆွန်ခလာ (ဟတ်ယိုင်မပါ)၊ ဆာကဲ၊  အူဘွန်းရာချာဌာနီ

၃၅၁ ဘတ် – ချွန်ပွန်း၊ ပက်ဘူရီ၊ ရှုရန်

Ref: Ministry Of Labour

Share.
Leave A Reply

Exit mobile version