ရည်းစားဖြစ်သူ ဓါးထိုးခံရ 

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ ခရိုင်၊ သီရိရာချာမြို့ရှိ ကွန်ဒိုမီနီယမ်တစ်ခုမှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၇ နာရီခန့်က မြန်မာအမျိုးသားချင်း ခိုက်ရန်ဖြစ်ပွါးရာမှာ ဓားထိုးမှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ဓားထိုးခံရသူမှာ အမရဲ့ရည်းစားဖြစ်သူ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဖြစ်ပြီး ဘယ်ဘက်နံဘေးနဲ့ တံတောင်ဆစ်တို့မှာ ဓားဒဏ်ရာနှစ်ချက်နဲ့ စတုတ္ထထပ် စင်္ကြံလမ်းမှာ လဲကျနေတာကို တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သူ့ကို ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သူကတော့ အသက် ၂၂ နှစ်အရွယ် တာပိုင် (Ta Pai) ဖြစ်ပြီး မသင်းသင်းနွယ် ရဲ့ မောင် ဖြစ်တယ်လို့သိရပါတယ်။ သူတို့မောင်နှမတွေက အခန်းမှာ အတူစုနေကြတာဖြစ်ပါတယ်။ အမနဲ့ ရည်းစားဖြစ်သူ ချစ်ကြိုက်နေတာကို တာပိုင်က အစကတည်းက သဘောမတူတာကြောင့် ဝေးဝေးနေဖို့ သတိပေးထားခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်ပွားတဲ့ညမှာ အမရဲ့ရည်းစားဖြစ်သူက အခန်းကို ထပ်မံလာရောက်ခဲ့ရာကနေ စကားများရန်ဖြစ်ကြပြီး အပြင်ဘက်စင်္ကြံလမ်းမှာ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွါးခဲ့ကြတာပါ။ အဲဒီနောက်မှာ တာပိုင်က ခေါက်ဓားကို ထုတ်ပြီး နှစ်ချက်ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါကြောင့် တာပိုင်ကို လက်နက်နဲ့တကွ ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး ဓားထိုးခံရသူကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘာသာပြန်တစ်ဦးကို အသုံးပြုပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း Thaiger သတင်းအရ  သိရပါတယ်။

Share.
Leave A Reply

Exit mobile version