ငွေညှစ်မှုနဲ့ ပတ်သက်နိုင်ဖွယ်ရှိ
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်၊ သရီမဟာဖိုးမြို့နယ်က လယ်ခင်းထဲမှာ သေဆုံးနေတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၄ ရက် မနက် ၈ နာရီခန့်က တွေ့ရှိခဲ့ရတယ်လို့ ဒေသခံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အနံ့တွေ ထွက်နေပြီဖြစ်လို့ သေဆုံးချိန်ဟာ အနည်းဆုံး ၂ ရက်ကနေ ၃ ရက်ခန့် ရှိပြီလို့ ခန့်မှန်းရပါတယ်။
ရဲတပ်ဖွဲ့ စစ်ဆေးမှုအရ သေဆုံးသူဟာ လက်ကောက်ဝတ်မှာ ဝါယာကြိုးနဲ့ ပြန်ကြိုးတုပ်ခံထားရကာ ကျောဘက်မှာ ဓားဒဏ်ရာများစွာ နဲ့ မှောက်လျက်အနေအထား တွေ့ရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ နံနက် ၉:၃၀ နာရီမှာ ပျောက်ဆုံးသူရဲ့ ဇနီးဖြစ်သူဟာ အခင်းဖြစ်ပွားရာကို ရောက်လာခဲ့ပြီး ရုပ်အလောင်းကို မြင်တာနဲ့ ငိုယိုပြီး ပြေးထွက်သွားခဲ့ပါတယ်။
ပျောက်ဆုံးသူဟာ အောက်တိုဘာ ၂၁ ရက်နေ့ကတည်းက ပျောက်နေခဲ့တာဖြစ်ပြီး မြန်မာအလုပ်သမား သူငယ်ချင်းတစ်ဦးဖြစ်သူ ကေ ဆိုတဲ့ အမျိုးသားက ခေါ်သွားပြီးနောက် အဆက်အသွယ် ပြတ်သွားခဲ့တာကြောင့် ဇနီးဖြစ်သူက ရဲစခန်းကိုတိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့မှာ ခေါ်သွားသူက ဇနီးဖြစ်သူကို ဖုန်းဆက်ပြီး ဘတ် ၅၀,၀၀၀ ပေးဖို့ တောင်းဆိုခဲ့ပြီး မပေးရင် သတ်ပစ်မယ် လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့နောက်ပိုင်းမှာ အဆိုပါအမျိုးသားကို ဆက်သွယ်လို့ မရတော့ဘူးလို့ သိရပါတယ်။
ရာဘိုဖိုင်း ရဲစခန်း ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ဟာ ပုဂ္ဂိုလ်ရေးပြဿနာနဲ့ ငွေကြေးကိစ္စ တွေကြောင့် ဖြစ်နိုင်တယ်လို့ ကနဦး သုံးသပ်ထားပါတယ်။ လက်ရှိမှာ သံသယရှိသူ မစ္စတာ ကေ ကို အမြန်ဆုံး ဖမ်းဆီးစစ်ဆေးနိုင်ဖို့ စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်နေပြီလို့ matichon သတင်းအရ သိရပါတယ်။