နယ်စပ်ပြဿနာကြောင့်ဟု အကြောင်းပြ

ထိုင်းနိုင်ငံမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို မှတ်ပုံတင်ပေးမယ့် အစီအစဉ်ကို ခေတ္တရွှေ့ဆိုင်းလိုက်ပြီလို့ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (DOE) က ကြေညာလိုက်ပါတယ်။ 

ဒီအစီအစဉ်ကို အစက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် DOE ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ နယ်စပ်ဒေသတွေမှာ အခြေအနေတွေ မတည်မငြိမ်ဖြစ်နေလို့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တာလို့ သိရပါတယ်။ 

အစီအစဉ်ပြန်လည်စတင်မယ့်ရက်ကို နောက်ပိုင်းမှာ ထပ်ပြီး ကြေညာပေးသွားမှာ ဖြစ်တယ်လို့ DOE ကထုတ်ပြန်ထားပါတယ်။ လုပ်သားပြဿနာကို ပိုပြီးပြည့်စုံအောင် ဖြေရှင်းနိုင်ဖို့အတွက် ဒီလိုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

Share.
Leave A Reply

Exit mobile version