ခွန်ထိုင်းတွေ မြန်မာအစားအစာကြိုက်လားမသိပေမယ့် ထိုင်းအစားအသောက်တွေကိုတော့ မြန်မာတွေ တော်တော်ကြိုက်ကြပါတယ်။ ဒီထဲကမှ မြန်မာတွေအကြိုက်ဆုံးဖြစ်ပြီး အမြဲစားတဲ့ ၅ မျိုးကို ဖော်ပြပေးပါမယ်။

၁ ။တုံယမ်းဟင်းချို

တုံယမ်းလို့ပြောလိုက်ရင် ချည်ချည်စပ်စပ် ဟင်းရည်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံက စားသောက်ဆိုင်တွေမှာ အလွယ်မှာလို့ရပါတယ်။ မူလတုံယမ်းဟာ အရည်ကြည်ဖြစ်ပြီး အုန်းနို့ပါတဲ့ပုံစံကတော့ နောက်ပိုင်းမှပေါ်လာတာလို့ သိရပါတယ်။ တုံယမ်းတစ်ပွဲမှာ ထိုင်းဂျင်း၊ထိုင်းသံပုရာရွက်၊ ငရုတ်သီးနဲ့ ငံပြာရည်ကောင်းကောင်းတို့ကတော့ မပါမဖြစ်ပါဘဲ။

၂ ။ သင်္ဘောသီးထောင်း

သင်္ဘောသီးထောင်းကို ထိုင်းလို ဆွန့်တန်လို့ခေါ်ပါတယ်။ ချို၊ချဉ်၊ငံ၊စပ် အရသာစုံကို တစ်ပွဲတည်းကနေ ပေးတာကြောင့် မြန်မာတွေပါးစပ်နဲ့ ကွက်တိပါပဲ။

၃ ။ ထိုင်းထမင်းကြော်
တုံယမ်းဟင်းချိုလိုပဲ စားသောက်ဆိုင်တွေမှာ လွယ်လွယ်မှာလို့ရပါတယ်။ ငံပြာရည်၊ပုဇွန်၊ ခရမ်းချဉ်သီးတို့သုံးတာက တရုတ်ထမင်းကြော်နဲ့ ကွဲပြားသွားစေပါတယ်။

၄ ။ ဖက်ကဖောင်း

မြန်မာမှာတော့ ပင်စိမ်းနဲ့လုပ်ကြပါတယ်။ ဒါပေမယ့် ထိုင်းဖက်ကဖောင်းအရွက်က မြန်မာပင်စိမ်းနဲ့ နဲနဲလေးကွဲပြားပါတယ်။ လွယ်လွယ်နဲ့ မြန်မြန်မှာလို့ရတာ၊ ကရိကထမများပဲ စားလို့ရတာ၊ မွှေးမွှေးစပ်စပ်လေးနဲ့မို့ မြန်မာတွေအကြိုက်ပါပဲ။

၅ ။ ကွေ့တီယို

ကွေ့တီယိုကလည်း မြန်မာတွေအကြိုက်ဆုံး ထိုင်းအစားအစာတွေထဲက တစ်မျိုးပါ။ ၁၉ ရာစုနဲ့ ၂၀ ရာစုလောက်မှာ ထိုင်းကို ပြောင်းရွှေ့အခြေချလာတဲ့ တရုတ်တွေရဲ့ အစားအသောက်ယဉ်ကျေးမှုဟာ ကွေ့တီယိုအပေါ်လွှမ်းမိုးမှုရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ထိုင်းနဲ့နီးစပ်ရာဒေသတွေမှာ စားသုံးလာတာကြာပြီဖြစ်ပါတယ်။ ဒါပေမယ့်၂၀၀၀ ခုနစ်လောက်တွေမှာ ရန်ကုန်လူငယ်တွေကြား ကွေ့တီယိုဟာ ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားလာတာ အခုထိပါပဲ။ ထိုင်းမှာတော့ ကွေ့တီယိုဆိုင်တိုင်းဟာ သူတို့ကိုယ်ပိုင်ပုံစံလေးတွေရှိကြပါတယ်။ ထူးခြားပြီး ကောင်းတဲ့ဆိုင်ဆိုရင်တော့ လူ မပြတ်ပါဘူး။ မိုးအေးအေးလေးနဲ့ ကွေ့တီယိုချဉ်ငန်စပ်လေး စားလိုက်ရတာက တကယ်ကို အရသာရှိပါတယ်။

Share.
Leave A Reply

Exit mobile version