Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: william
ပြီးခဲ့နှစ်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ဟာ ဆုန်ခရမ်နဲ့ပတ်သက်ပြီး ပြည်သူတွေ သတိထားရမယ့် အချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အောက်ပါအချက်တွေဟာ ဒီထုတ်ပြန်ချက်ကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ လုံခြုံရေးကတော့ နံပါတ်တစ်ပါပဲ။ နှစ်တိုင်း မတော်မဆဖြစ်မှုတွေ တော်တော်များပါတယ်။ ရေစိုနေရာတွေနားရောက်လာရင် ဆိုင်ကယ်အရှိန်လျော့ပါ။ ရုတ်တရက် ဘရိတ်အုပ်ရတဲ့ အခြေအနေမျိုးမဖြစ်အောင်…
အလုပ်သမားတစ်ယောက်ဟာ အလုပ်ချိန်တွင်းမှာ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် ကာကွယ်စောင့်ရှောက်မှုရရှိမှာ ဖြစ်ပါတယ်။ ထိုင်းမှာ နစ်နာကြေးရန်ပုံငွေဆိုတာရှိပြီး ထိခိုက်ဒဏ်ရာရသူဟာ ဒီရန်ပုံငွေထဲကနေ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ အလုပ်ရှင်ခိုင်းစေတဲ့ အလုပ်ကိုလုပ်ကိုင်ရင်း ဖျားနာ၊ထိခိုက်၊သေဆုံး၊ ပျောက်ဆုံးတွေ ဖြစ်ခဲ့မယ်ဆိုရင် အလုပ်သမားတွေအတွက် နစ်နာကြေးပေးဖို့ ဒီရန်ပုံငွေကို တည်ထောင်ထားတာပါ။ ဒီရန်ပုံငွေအတွက် ထည့်ဝင်ငွေကို အလုပ်ရှင်ဘက်က ထည့်ဝင်ပေးသွင်းထားရတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း…
ထိုင်းမှာ အလုပ်သမားတွေ အတွက် social security fund လို့ခေါ်တဲ့ လူမှုဖူလုံရေး ရန်ပုံငွေ စနစ်ရှိပါတယ်။ လစဉ်အချိုးကျ ငွေပမာဏတစ်ခုထည့်ဝင်ပြီး ဒီစနစ်ရဲ့ အာမခံစောင့်ရှောက်မှုကို ရယူရပါတယ်။ ထိခိုက်ဒဏ်ရာရတာလို အခြေအနေတစ်ခုခုကြောင့် အလုပ်သမားရဲ့ဝင်ငွေထိခိုက်တဲ့အခါ ဒီလူမှုဖူလုံရေးရန်ပုံငွေစနစ်ကနေ ပြန်လည်ကူညီပေးမှာ ဖြစ်ပါတယ်။ ဒီအချက် ၇ ချက်ဖြစ်ရင် လူမှုဖူလုံရေးရန်ပုံငွေစနစ်ကနေ အထောက်အပံ့တွေရမှာ…
သူဌေးက အလည်ခေါ်လို့ တခြားနိုင်ငံလိုက်သွားပြီး ပြန်လာတော့ ထိုင်းနိုင်ငံထဲ ဝင်လို့ မရတော့ဘူးဆိုတာမျိုး ကြားဖူးပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံထဲကထွက်ပြီး ပြန်ဝင်လာမယ်ဆိုရင် ပြန်ဝင်လာပါ့မယ်ဆိုတဲ့ဗီဇာတုံး (Re-entry visa ) ထုသွားရပါမယ်။ ဒီလိုထုသွားမှ ထိုင်းနိုင်ငံထဲ ပြန်ဝင်လာတဲ့အခါ နဂိုဗီဇာသက်တမ်းအတိုင်း ပြန်နေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ နိုင်ငံထဲက ထွက်တာနဲ့ ကိုယ်ရဲ့…
ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ ရက်၉၀ ပြည့်တိုင်း လူဝင်မှူကြီးကြပ်ရေးရုံးမှာ သွားရောက်သတင်းပို့ရပါတယ်။ ဒါကို ရက်ကိုးဆယ် ပြည့်တိုင်း လုပ်ရမှာဖြစ်ပါတယ်။ တကယ်တော့ ဒီလိုသတင်းပို့ရတာဟာ အလုပ်သမားဗီဇာနဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်သူတွေမှ မဟုတ်ပါဘူး။ နိုင်ငံတွင်းနေ နိုင်ငံခြားသားတိုင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။ မိမိလက်ရှိနေနေတဲ့ နေရပ်ကို သတင်းပို့ရတာ ဖြစ်ပြီး သက်တမ်းမကုန်ခင် ၁၅ ရက်၊…
သင်္ကြန်ကာလ အထူးအစီအစဉ်အနေနဲ့ ထိုင်းအစိုးရက နေရပ်ပြန်မယ့်အလုပ်သမားများအတွက် အထွက်တုံးထုစရာမလိုဘဲ ပြန်ခွင့်ပြုထားပါတယ်။ သတိထားရမှာက ခွင့်ပြုကာလက ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်ထိပဲ ဖြစ်ပါတယ်။ ဒီကာလလောက်အတွင်း ပြန်မရောက်နိုင်ဘူးဆိုရင် အထွက်တုံးကို သေချာပေါက်ထုသွားဖို့ လိုပါတယ်။ ဒုတိယအချက် သတိထားရမှာက အလုပ်ရှင်နဲ့ သေချာညှိသွားဖို့ လိုပါတယ်။ ခွင့်ရက်နဲ့…
ထိုင်းနိုင်ငံထဲဝင်တဲ့အခါ TM 6 ဖောင်ဖြည့်တဲ့ စနစ်ကို ပြန်လည် ပြုလုပ်မယ်လို့သိရပါတယ်။ TM 6 ဖောင်ဆိုတာ ထိုင်းနိုင်ငံထဲ ဝင်ရောက်မယ့် နိုင်ငံခြားသားတွေ နိုင်ငံထဲမဝင်ခင်ဖြည့်စွက်ရတဲ့ ဆိုက်ရောက်ကဒ်ဖြစ်ပါတယ်။ အရင်ကတည်းက ရှိတဲ့စနစ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဒီစနစ်ကို ဆိုင်းငံ့ရပ်နားထားတာဖြစ်ပါတယ်။ အခုအခါမှာ ပြန်လည်ပြုလုပ်မှာ ဖြစ်ပေမယ့် အွန်လိုင်းစနစ်ကို အသုံးပြုမယ်လို့…
ယခုနှစ်သင်္ကြန်ကာလ အိမ်ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အထွက်တုံးထုစရာမလိုဘူးလို့ သိရပါတယ်။ ဧပြီ ၁ ရက်နေ့ကနေ မေ ၁၅ ရက်နေ့ကြားထဲ အိမ်ပြန်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အထွက်တုံး (Re-entry) တုံးထုစရာမလိုဘဲ သွားလာခွင့်ရမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက မတ်လ အတွင်းက ကြေငြာထားပါတယ်။ အိမ်နီးချင်းနိုင်ငံက လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေအတွက် သင်္ကြန်တွင်း…
အလိုမတူဘဲ ရေပက်ခြင်း ရေပက်မခံချင်တဲ့လူကို ရေပက်ခွင့်မရှိပါဘူး။ ပြစ်ဒဏ်ဟာ ဒဏ်ငွေ တစ်သောင်းကနေ ထောင်ဒဏ်တစ်လထိရှိပါတယ်။ ထောင်ဒဏ်၊ငွေဒဏ်နှစ်ရပ်စလုံးလည်း ရှိပါတယ်။ကိုယ်ရဲ့ ရေပက်ခြင်းအပြုအမူကြောင့် တခြားသူရဲ့ ပိုင်ဆိုင်မှု ပျက်စီးထိခိုက်မယ်ဆိုရင်လည်း ဒဏ်ငွေ ဘတ်ခြောက်သောင်းကနေ ထောင်ဒဏ်သုံးနှစ်ထိရှိပါတယ်။ ဥပမာ – ဖုန်းလို ပစ္စည်းမျိုး ရေစိုသုံးမရဖြစ်ခဲ့ရင် ဒီဥပဒေထဲ အကျုံးဝင်ပါတယ်။ မူးပြီးမောင်း ဆုန်ခရမ်မှာ…
လာမယ့် ဆုန်ခရမ်ကာလမှာ ထိုင်းနိုင်ငံတွင်း မုန်တိုင်းရှိနိုင်တယ်လို့ သိရပါတယ်။ ထိုင်းမိုးလေဝသ ဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအထက်ပိုင်းဒေသတွေမှာ အပူပိုင်းမုန်တိုင်းကြောင့် မိုးကြိုးများနဲ့ လေကြီးမိုးကြီးများ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဧပြီ ၁၂ ကနေ ၁၄ ရက်နေ့အတွင်း ကျရောက်နိုင်တာဖြစ်တယ်လို့ လည်း သိရပါတယ်။ ထိုင်းနိုင်ငံအထက်ပိုင်းဒေသနေထိုင်သူတွေကို အဆိုပါဆုန်ခရမ်ကာလအတွင်း မုန်တိုင်းကို…