ဆူရတ်ဌာနီခရိုင်၊ ကော့ဖငန်ကျွန်းမှာ မြန်မာလူငယ် ၆ ဦးပါဝင်တဲ့ မူးယစ်ဆေးသုံးစွဲတဲ့အဖွဲ့တစ်ဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့မူးယစ်ဆေးသုံးစွဲနေတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ပြီး ဥပဒေကို စိန်ခေါ်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဒီအဖွဲ့အနေနဲ့ မူးယစ်ဆေးသုံးနေတဲ့ ဗီဒီယိုတွေကို မြန်မာလူမှုကွန်ရက်တွေမှာ မကြာခဏ တင်လေ့ရှိတာကို တွေ့ရှိခဲ့ပြီး ဩဂုတ်လ ၁၁ ရက်နေ့ညမှာတော့ ရဲတပ်ဖွဲ့ဟာ ဒီလူငယ်အဖွဲ့နေထိုင်တဲ့ အခန်းကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေကတော့ အသက် ၁၈ နှစ်ကနေ ၁၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ၎င်းတို့ အိပ်ပျော်နေစဉ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အခန်းထဲကနေ စိတ်ကြွဆေးပြား ၅ ပြားနဲ့ မူးယစ်ဆေးသုံးစွဲတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ သုံးစွဲမှုနဲ့ တရားမဝင် နေထိုင်မှုတွေနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ MGR သတင်းက ဖော်ပြပါတယ်။

Share.
Leave A Reply

Exit mobile version