ထိုင်းဥပဒေအရတော့ အလုပ်ရှင်က လစာဖြတ်ခွင့်ရှိတဲ့ အခြေအနေတွေကို ကန့်သတ်ထားပါတယ်။ အ ဥပဒေအရ လစာထဲက ဖြတ်တောက်ဖို့ ခွင့်ပြုထားတဲ့ ဟာကလွဲရင် ကျန်တာတော့ အလုပ်သမား သဘောတူမှ လစာထဲက ဖြတ်ထားခွင့် ရှိမှာနော်။ လုပ်ရှင်တချို့ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လခထဲကနေ ခေါင်းစဉ်တချို့တပ်ပြီး နှုတ်ယူဖြတ်တောက်တာမျိုး ရှိပါတယ်။

လုပ်ခလစာထဲက ဥပဒေအရ နှုတ်ယူထားခွင့်ပြုတဲ့ အခြေအနေတွေကတော့ 

ဥပဒေအရ ပေးဆောင်မှုများ 

  • ဝင်ငွေခွန်၊ လူမှုဖူလုံရေး၊ စတာတွေနဲ့ ဥပဒေအရ ပေးဆောင်စရာရှိတဲ့ငွေ ဒါမှမဟုတ် လုပ်လုပ်ခလစာအရပေးရတဲ့ အခွန်ငွေအတွက် နှုတ်ယူနိုင်ပါတယ်။

အလုပ်ရှင်က ကြိုပေးဆောင်ထားတဲ့ စရိတ်များ

  • နိုင်ငံကူးလက်မှတ်၊ work permit၊ ကျန်းမာရေးစစ်ဆေးစရိတ် စတာတွေကို အလုပ်ရှင်ကစိုက်ပေးထားတဲ့အခါ အလုပ်သမားရဲ့ သဘောတူညီချက်နဲ့ လုပ်ခလစာထဲက ပြန်နှုတ်ယူလို့ရပါတယ်။  ဒါပေမယ့် လခရဲ့ ၁၀ % ထက် ကျော်ပြီး နှုတ်ယူတာမျိုးလုပ်လို့မရပါဘူး။

ချေးငွေများ

  • အလုပ်သမားအနေနဲ့လိုအပ်လို့ချေးထားတဲ့ငွေ ဒါမှမဟုတ် အကြိုလစာယူတာထားမျိုးမှာလည်း အလုပ်ရှင်ဘက်က တစ်စိတ်တစ်ပိုင်းနှုတ်ယူနိုင်ပါတယ်။

သမဂ္ဂကြေး

  • အလုပ်သမားသမဂ္ဂရဲ့အဖွဲ့စည်းမျည်းတွေအရ အဖွဲ့လစဉ်ကြေးငွေ ပေးဆောင်ဖို့အတွက်နှုတ်ယူတာမျိုးလဲ ရပါတယ်။ 

ဒါပေမယ့် တားမြစ်ထားတာတွေလည်း ရှိပါတယ်။

လခ ၁၀% ထက်ကျော်တဲ့ ခန့်ထားမှုစရိတ်တွေ၊ အလုပ်ရဖို့အတွက် ပေးရတဲ့ငွေတွေ၊အလုပ်သမားဘက်က သဘောမတူဘဲ လစာရဲ့ ၁၀% ထက်ကျော်လွန်ပြီးနှုတ်ယူတာတွေ လုပ်လို့မရပါဘူး ။ အဲဒါတွေကတော့ တရားမဝင်တဲ့ နှုတ်ယူမှုတွေ ဖြစ်ပါတယ်။

ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေအနေဲ့ ဒီအချက်တွေကို မှတ်ထားမှသာ လစာဖြတ်တာ များလာရင် ပြောပြနိုင်မှာဖြစ်ပါတယ်။အလုပ်သမားအနေနဲ့ အလုပ်ရှင်က ကိုယ့်လခထဲကနေနှုတ်ယူခံရတာမျိုးရှိရင် ဘာကြောင့်နှုတ်ယူထားလဲ ၊ဘယ်လောက်နှုတ်ယူထားလဲ ၊ ဘာအတွက်လဲ ဆိုတာကို တိတိကျကျ မေးဖို့ သိဖို့လိုပါတယ်။

ကိုယ်ကသဘောမတူပဲ လစာငွေထဲက နှုတ်ယူခံရနေတာမျိုးတွေရှိခဲ့ရင်လည်း ဥပဒေအရ ကူညီပေးတဲ့နေရာတွေမှာ သွားရောက်စုံစမ်းဖို့လည်း အခွင့်အရေးရှိပါတယ်။ နောက်ထပ် သိချင်တာတွေ ရှိရင် ကွန်မန့်မှာ ရေးခဲ့ပေးကြပါဦး။ 

Share.
Leave A Reply

Exit mobile version