ထိုင်းတောင်ပိုင်း ဖန်ငခရိုင်မှာ တရားမဝင် သေနတ်နဲ့ ကျည်ဆန်တွေ ကိုင်ဆောင်ထားတဲ့ မြန်မာ အမျိုးးသား တစ်ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ 

 အဆိုပါ အမျိုးသားဟာ သေနတ်ကို အပြင်မကြာခင် ယူသွားလေ့ ရှိသူဖြစ်တယ်လို့ ဒေသခံတွေက သတင်းပေး တိုင်ကြားတာကြောင့် ထိုင်းရဲတွေက သိရှိပြီး လာရောက်ရှာဖွေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။  ၎င်းအနေနဲ့ ထိုင်းစကားပြောတတ်သူဖြစ်ပြီး သေနတ်နှင့်ကျည်ဆံများမှာ အစစ်ဖြစ်ကြောင်း၊ ၈၀၀ ဘတ်ဖြင့် Bang Sob Shop မှ ဝယ်ယူခဲ့ကြောင်း ရဲတွေကို ဝန်ခံခဲ့တယ်လို့ thaiger သတင်းမှာ ဖော်ပြပါတယ်။ 

ရှာဖွေမှုအတွင်း လက်လုပ်သေနတ်တစ်လက်၊ ကျည် ၄ တောင့်နဲ့ အိတ်အတွင်းဝှက်ထားတဲ့အနက်ရောင် သားရေအိတ်တစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သံသယရှိသူမှာ ဗီဇာသက်တမ်းလည်းကုန်ဆုံးနေတာဖြစ်ပြီး လက်ရှိမှာတော့ ခွင့်ပြုချက်မဲ့ လက်နက်ကိုင်ဆောင်မှု၊ တရားမဝင်နေထိုင်မှု တို့ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေအပေါ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်သွားမယ်လို့လဲ ဆိုပါတယ်။ 

သတင်း – Thaiger 

Share.
Leave A Reply

Exit mobile version