လာလည်သူ ခရီးသွားတွေကို ရိုက်စားအလုပ်ဆုံးမြို့တွေထဲမှာ ဘန်ကောက်ပါ ပါတယ်။ ဒီအကြောင်း မနေ့က သတင်းတစ်ပုဒ်တက်ခဲ့ပါတယ်။ ဒီထဲမှာမှ ကားအငှားလုပ်ငန်းတွေနဲ့ တက္ကစီသမားတွေက အဆိုးဆုံးဖြစ်ပါတယ်။
သူတို့ရိုက်စားလုပ်တတ်တဲ့ ပုံစံတွေက ဒီလိုပါ။
တက္ကစီရိုက်စား
– တက္ကစီမီတာသုံးဖို့ငြင်းပါတယ်။ ကျသင့်ငွေရှင်းတဲ့အခါ ဈေးကိုပိုတောင်းပါတယ်။
– လာလည်တဲ့ ခရီးသည်တွေဆို သူတို့ကို ကော်မရှင်ပေးထားတဲ့ဆိုင်တွေဆီပဲ ခေါ်သွားပါတယ်။ မသွားချင်ရင်ဘူးဆိုရင်တောင်မှ လှည့်ပတ်ပြီးခေါ်သွားတတ်ပါတယ်။
– တက္ကစီမီတာပျက်နေတယ်လို့ ပြောပါတယ်။ ဝေးတဲ့လမ်းက သွားပြီး ကျသင့်ငွေကို တင်ထားတတ်ပါတယ်။
ကား၊ဆိုင်ကယ်အငှားလုပ်ငန်း ရိုက်စား
– ဆိုင်ကယ်ငှား၊ ကားငှားပြီးတဲ့အခါ အပျက်အစီးရှိတယ်လို့ပြောပြီး ငွေထပ်တောင်းတတ်ပါတယ်။
– ကိုယ်မသုံးခင်ကတည်းကရှိနေတဲ့ ခြစ်ရာ၊ပွန်းရာတွေအတွက် ပိုက်ဆံတောင်းပါတယ်။
– ပြင်ခစရိတ်ကိုလည်း ကုန်ကျတာထက်ပိုတောင်းတတ်ပါတယ်။
ဒါဟာ ထိုင်းနိုင်ငံက အငှားဝန်ဆောင်မှုလုပ်ငန်းတွေတိုင်း မဟုတ်ပါဘူး။ ထိုင်းအာဏာပိုင်တွေကလည်း လာလည်သူ ခရီးသည်တွေကို တရားဝင်လိုင်စင်ရ ယာဉ်အငှားလုပ်ငန်းတွေ၊တက္ကစီတွေနဲ့ပဲ အလုပ်လုပ်ဖို့ အကြံပြုထားပါတယ်။ တကယ်လို့ ရိုက်စားလုပ်ခံရတာမျိုးရှိရင် တိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။