တရားဝင်ရွှေ့ပြောင်းအလုပ်သမားအတွေနဲ့ တရားဝင်ခံစားခွင့်ရှိတဲ့ ခွင့်အမျိုးအစားတွေရှိပါတယ်။ တစ်ပတ်မှာ အနည်းဆုံး တစ်ရက် တရားဝင် အလုပ်ပိတ်ရက်အပြင် အခုလိုအခြေအနေတွေမှာလဲ ခွင့်ယူခွင့်ရှိပါတယ်။
ဖျားနာခွင့်
ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ နေမကောင်းဖျားနာတဲ့အခါ ခွင့်ယူလို့ရပါတယ်။ ထိုင်းရဲ့ဥပဒေအရဆိုရင် ဖျားနာခွင့် တစ်နှစ်မှာ ရက် ၃၀ ယူလို့ရပါတယ်။ ဒါပေမယ့် တစ်ခါခွင့်ယူရင် ၃ ရက်ဆက်တိုက်ထက်တော့ ပိုယူလို့မရပါဘူး။ ၃ ရက်ထက်ပိုပြီးခွင့်ယူမယ်ဆိုရင်တော့ အလုပ်ရှင်ဘက်က ဆေးထောက်ခံစာ တောင်းခွင့်ရှိပါတယ်နော်။
အလုပ်ကိစ္စခွင့်
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အလုပ်ကိစ္စ အရေးကြီးကိစ္စတစ်ခုခုရှိတဲ့အခါမျိုးမှာ ဒီလိုခွင့်မျိုး ယူလို့ရပါတယ်။ ဒါပေမယ့် ဒီလိုအရေးကိစ္စတွေအတွက် ၁ နှစ်မှာ ၃ ရက်ပဲ ယူခွင့်ရှိပါတယ်နော်။
မီးဖွားခွင့်
ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားတွေအနေနဲ့ မီးဖွားခွင့် ယူခွင့်ရှိပါတယ်။
မီးဖွားခွင့်အနေနဲ့ ဆေးခန်းမှာကိုယ်ဝန်ပြတဲ့ရက်တွေအပါအဝင် စုစုပေါင်း ရက် ၉၀ ခွင့်ရက်ရတာဖြစ်ပြီးတော့ ၄၅ ရက်စာ လစာအပြည့်နဲ့ ခွင့်ရတာပါ။
ဒါတွေက ခွင့်ရက်တွေမှာလဲ လုပ်ခလစာရရှိတဲ့ခွင့်တွေဖြစ်ပါတယ်နော်။ဒါပေမယ့် ခွင့်ယူမယ်ဆိုရင်တော့ အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားအသိပေးတာမျိုး လုပ်ဖို့လိုပါတယ်။တကယ်လို့အကြောင်းမကြားပဲ ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ စာချုပ်ဖျက်သိမ်းခံရတာမျိုး ဖြစ်နိုင်တာကြောင့် ဒါလေးတော့ သတိထားရမယ်နော်။