ထိုင်းမှာ အလုပ်သမားတွေ အတွက် social security fund လို့ခေါ်တဲ့ လူမှုဖူလုံရေး ရန်ပုံငွေ စနစ်ရှိပါတယ်။ လစဉ်အချိုးကျ ငွေပမာဏတစ်ခုထည့်ဝင်ပြီး ဒီစနစ်ရဲ့ အာမခံစောင့်ရှောက်မှုကို ရယူရပါတယ်။ ထိခိုက်ဒဏ်ရာရတာလို အခြေအနေတစ်ခုခုကြောင့် အလုပ်သမားရဲ့ဝင်ငွေထိခိုက်တဲ့အခါ ဒီလူမှုဖူလုံရေးရန်ပုံငွေစနစ်ကနေ ပြန်လည်ကူညီပေးမှာ ဖြစ်ပါတယ်။
ဒီအချက် ၇ ချက်ဖြစ်ရင် လူမှုဖူလုံရေးရန်ပုံငွေစနစ်ကနေ အထောက်အပံ့တွေရမှာ ဖြစ်ပါတယ်။
၁။ ဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း
၂။ ကိုယ်လက်မသန်မစွမ်းဖြစ်ခြင်း
၃။ သေဆုံးခြင်း
၄။ မီးဖွားခြင်း
၅။ ကလေးငယ်စောင့်ရှောက်ရခြင်း
၆။ အိုမင်းမစွမ်းခြင်း
၇။ အလုပ် လက်မဲ့ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
ဘယ်လိုလုပ်ရမလဲ
လူမှုဖူလုံရေးစနစ်မှာ ပါဝင်ဖို့ အလုပ်ရှင်ကနေ လူမှုဖူလုံရေးရုံးကို အကြောင်းကြားပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
ဘယ်လောက်ထည့်ရမလဲ
ဒီစနစ်မှာ ငွေကြေးထည့်ဝင်ပါဝင်ဖို့အတွက် အလုပ်သမားဟာ လစာရဲ့ ၅ ရာခိုင်နှုန်းကို ထည့်ရပါမယ်။ အလုပ်ရှင်ကလည်း အဆိုပါ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေပမာဏထည့်ဝင်ရပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားပေါင်းစပ်ထည့်ဝင်မှုအပြင် အစိုးရကလည်း ၂.၇ ရာခိုင်နှုန်း ထည့်ဝင်ပေးပါတယ်။
Ref: IOM Thailand