အလုပ်သမားတစ်ယောက်ဟာ အလုပ်ချိန်တွင်းမှာ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် ကာကွယ်စောင့်ရှောက်မှုရရှိမှာ ဖြစ်ပါတယ်။ ထိုင်းမှာ နစ်နာကြေးရန်ပုံငွေဆိုတာရှိပြီး ထိခိုက်ဒဏ်ရာရသူဟာ ဒီရန်ပုံငွေထဲကနေ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

အလုပ်ရှင်ခိုင်းစေတဲ့ အလုပ်ကိုလုပ်ကိုင်ရင်း ဖျားနာ၊ထိခိုက်၊သေဆုံး၊ ပျောက်ဆုံးတွေ ဖြစ်ခဲ့မယ်ဆိုရင် အလုပ်သမားတွေအတွက် နစ်နာကြေးပေးဖို့ ဒီရန်ပုံငွေကို တည်ထောင်ထားတာပါ။ ဒီရန်ပုံငွေအတွက် ထည့်ဝင်ငွေကို အလုပ်ရှင်ဘက်က ထည့်ဝင်ပေးသွင်းထားရတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာတဲ့ထိခိုက်မှုကြောင့် ဆေးဝါးစရိတ်၊ ကျန်းမာရေးစရိတ်တွေကို အလုပ်သမားက ရရှိပိုင်ခွင့်ရှိပါတယ်။ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးခဲ့မယ်ဆိုရင်လည်း ပြန်လည်ထူထောင်ရေးစရိတ်နဲ့ သေဆုံးမှုအတွက်ဆိုရင်တော့ နာရေးစရိတ်တွေကိုပါ ရပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

Ref: IOM Thailand

Share.
Leave A Reply

Exit mobile version