ထိုင်းဘုရင့်နိုင်ငံတော်ရဲ့ အလံမှာ အရောင်သုံးမျိုးပါဝင်ပါတယ်။ အဖြူရောင်၊ အနီရောင်နဲ့ အပြာရောင်ဖြစ်ပါတယ်။
အနီရောင်ဟာ ထိုင်းပိုက်နက်နဲ့ ပြည်သူပြည်သားတွေကို ကိုယ်စားပြုပါတယ်။ အဖြူရောင်ဟာ ထိုင်းနိုင်ငံရဲ့ ဘာသာရေးကို ကိုယ်စားပြုပါတယ်။ အပြာရောင်ကတော့ တော်ဝင်ဘုရင်ကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပါတယ်။ ရာမ ၆ ဘုရင်ရဲ့ မင်္ဂလာရောင်လည်း ဖြစ်ပါတယ်။
လက်ရှိအလံကို ၁၉၁၇ စက်တင်ဘာ ၂၈ ရက်နေ့မှာ ရာမဘုရင် ၆ ကနေ တော်ဝင်အမိန့်ပြဌာန်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၈ ရက်နေ့ဟာ ထိုင်းအလံနေ့ဖြစ်ပါတယ်။
ဒီအလံမတိုင်ခင်က ထိုင်းအလံမှာ ဆင်ဖြူတော် ပါရှိပါတယ်။ တရားဝင်မဟုတ်ပေမယ့် အရပ်ပြောဖြစ်တဲ့ ဇာတ်လမ်းတစ်ခုရှိပါတယ်။ တစ်နေ့မှာ ရာမ ၆ ဘုရင်ဟာ အလံကို ပြောင်းပြန်ကိုင်ထားတဲ့ အမှုထမ်းတစ်ယောက်ကို မြင်ရပြီး အလံမှာ ရှိတဲ့ ဆင်ဖြူတော်ဟာလည်း ဇောက်ထိုးဖြစ်နေတာကိုတွေ့ရတာကြောင့် စိတ်နှလုံးအတော်ငြိုးနွမ်းရာကနေ ထိုင်းနိုင်ငံတော်ရဲ့အလံကို ပြောင်းဖို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။