ဒီတစ်ပတ်မှာ ထိုင်းအစိုးရ ရုံးပိတ်ရက်ရှည် ရှိပါတယ်။ Asalha Bucha နေ့လို့ ထိုင်းမှာ ခေါ်ကြပြီး ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ဓမ္မစကြာနေ့ ဖြစ်ပါတယ်။ ထိုင်းမှာ ဒီလိုနေ့တွေကို ဘယ်လိုကျင်းပလဲ သူတို့ ရိုးရာဘာတွေ ရှိလဲ၊ ကိုယ်ရော ဘယ်လို ပါဝင်နိုင်လဲ ပြောပြပါမယ်။

ဒီတစ်ပတ် ပိတ်ရက်

ထိုင်းမှာ ဝါဆိုလပြည့်၊ ဓမ္မစကြာနေ့က ဇူလိုင် ၁၀ ရက်နေ့မှာ ကျရောက်ပါတယ်။ မြန်မာကတော့ တစ်ရက် စောနေတာပါ။ နောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၁၁ ရက်က ဝါတွင်းဥပုပ်ကာလ စတင်တဲ့နေ့ ဖြစ်ပြီး အစိုးရရုံးပိတ်ရက် သတ်မှတ်ပါတယ်။ အများပြည်သူ ရုံးပိတ်ရက်တော့ မဟုတ်ပါဘူး။

လပြည့်နေ ဘယ်လို ဆင်နွှဲကြလဲ၊

ဘာသာရေးနေ့ ဖြစ်တာကြောင့် ပွဲလမ်းသဘင် အများစုက ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေမှာရှိမှာ ဖြစ်ပါတယ်။ အမွှေးတိုင်၊ ဆီမီး ၊ ပန်းနဲ့ အစားအသောက်တွေ သွားရောက်ဆက်ကပ်ကြလေ့ ရှိပါတယ်။ မြန်မာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 

ညနေပိုင်း 

ညနေပိုင်းကတော့ ထူးခြားပါတယ်။ ဘုရား နဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆီမီးပူဇော်ပွဲ လုပ်ပါတယ်။ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ ကြာပန်းတွေကို လက်မှာကိုင်ပြီး ဘုရား ဒါမှမဟုတ် ကျောင်းအတွင်း သုံးပတ်ပတ်ပြီးတော့ ဘုရားဂုဏ်ကို အောက်မေ့ပူဇော်ကြပါတယ်။ ထိုင်းတွေကတော့ ဒါကို “Wien-Thien” လို့ ခေါ် ကြပါတယ်နော်။ 

ဆီမီးပူဇော်ပွဲ 

တချို့ဒေသတွေမှာတော့ ဆီမီးပူဇော်ပွဲကို ရပ်ကွက်လိုက်၊ မြိုန့ယ်အလိုက် အကြီးအကျယ် လုပ်ပါတယ်။ အူပွန် ရက်ချာသနီမှာတော့ ဆီမီးပူဇော်ပွဲဆိုပြီး မြို့အဆင့် အကြီးအကျယ်ကို ကျင်းပကြတာပါ။ ဖယောင်းနဲ့ လုပ်ထားတဲ့ ကြီးမားတဲ့ ရုပ်တုမျိုးစုံနဲ့အတူ ပွဲလမ်းသဘင်အနေနဲ့ပါ ကျင်းပကြတာ ဖြစ်ပါတယ်။ 

ဘာတွေ သတိထားရမလဲ 

ဘာသာရေးနေ့ထူးနေ့မြတ်တွေထဲက တခုဖြစ်တာကြောင့် ဒီနေ့မှာ အရက်ဘီယာ ရောင်းခွင့်မရှိပါဘူး။ 

လိုအပ်တာထက်ပိုတဲ့၊ ပြင်းပြင်းထန်ထန် ဖျော်ဖြေရေး အစီအစဉ်တွေ ဒီနေ့မှာ မလုပ်ကြပါဘူး။ ဒါတွေက သတိထားရမှာ ဖြစ်ပါတယ်။ 

Share.
Leave A Reply

Exit mobile version