ကုန်းလမ်း၊ ရေလမ်းမှ လာခဲ့ကြခြင်းဖြစ်

ထိုင်း-မြန်မာ နယ်စပ် ကန်ချနပူရီခရိုင်မှာ နိုဝင်ဘာလ ၄ ရက်နေ့က တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၅ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေမှာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၅ ဦးပါဝင်ပါတယ်။ 

ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ကင်းလှည့် စောင့်ကြည့်နေစဉ် ဆိုင်းယို့ခ်ခရိုင်ရှိ စွန့်ပစ်ဓာတ်ဆီဆိုင်အနီးမှာ သံသယဖြစ်ဖွယ် နခွန်ဆဝမ် လိုင်စင်ပြား တပ်ဆင်ထားတဲ့ပစ်ကပ်ကား တစ်စီးကို တွေ့ရှိခဲ့ရာမှ စစ်ဆေးဖမ်းဆီးမိတာ ဖြစ်ပါတယ်။ လုပ်သားတွေဟာ တစ်ဦးကို ၂၅,၀၀၀ ဘတ် နှုန်းနဲ့ အကျိုးဆောင်ခ ပေးချေဖို့ သဘောတူထားကြတာဖြစ်ပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ 

သူတို့ဟာ လုံခြုံရေးဂိတ်တွေကို ရှောင်ရှားရန်အတွက် ကုန်းလမ်းရော ရေလမ်းပါ သဘာဝလမ်းကြောင်းတွေကို အသုံးပြုပြီး ခိုးဝင်ခဲ့ကြောင်း ဝန်ခံခဲ့ကြပါတယ်။သူတို့ရဲ့ ရည်ရွယ်ချက်မှာ နခွန်ပထုန်နှင့် စမွတ်စခွန် ပြည်နယ်တွေကို သွားရောက် အလုပ်လုပ်ကိုင်ရန် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တာ ဝန်ရှိသူတွေက တရားမဝင် ဝင်ရောက်လာသူ ၂၅ ဦးကို ဥပဒေအရ အရေးယူပြီး နေရပ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်မှာဖြစ်ပြီး ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ matichon သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version