ပရာချင်ဘူရီခရိုင်၊ သီမဟာဖိုမြို့နယ်မှာရှိတဲ့ သံရည်ကျိုစက်ရုံတစ်ခုမှာ ဩဂုတ် ၁၂ ရက် မနက် ၃ နာရီက သံရည်ကျိုမီးဖိုပေါက်ကွဲမှုဖြစ်ပွါးခဲ့တာကြောင့်မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စက်ရုံရဲ့ ဒုတိယထပ်မှာရှိတဲ့ သံရည်ကျိုမီးဖို ပေါက်ကွဲပြီး အရည်ကျိုထားတဲ့သံရည်တွေ ပန်းထွက်ခဲ့တာပါ။ သေဆုံးသူ မြန်မာအမျိုးသားလုပ်သားရဲ့ ခန္ဓာကိုယ်ဟာ ထွက်လာတဲ့သံရည်ပူတွေနဲ့ လောင်ကျွမ်းခဲ့တာကြောင့် မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအမျိုးသမီးလုပ်သားတစ်ဦးရဲ့ လက်နှစ်ဖက်လည်း မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေအနေနဲ့ ဒဏ်ရာရရှိသူကို ကဆေးမ်ရတ် ၃၀၄ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး၊ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သီမဟာဖိုဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စက်မှုလက်မှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ Thairath သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version