ထိုင်းနိုင်ငံ၊ ကမ်ဖိုင်ဖက် ခရိုင်မှာ ခရီးသည်တင်ဘတ်စ်ကားမောင်းသူတစ်ဦးဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၁ ဦးနဲ့ တရုတ် ၅ ဦးကို မှောင်ခိုပို့ဆောင်ဖို့ ကြိုးစားခဲ့လို့ ယာဉ်မောင်းအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၁ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးဟာ သတ်မှတ်နေရာမဟုတ်တဲ့ အခြားနေရာနှစ်ခုမှာ ရပ်တန့်ပြီး လူတွေတင်ဆောင်နေတာကိုဘတ်စ်ကားပေါ်ပါ ခရီးသည်တစ်ဦးက သတိထားမိရာမှ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။  ထိုင်းရဲတပ်ဖွဲ့က ကားကိုစစ်ဆေးရာမှာ ကားပေါ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ တရုတ်နိုင်ငံသား၅ ဦး စုစုပေါင်း ၁၆ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲ အများစုမှာ တရားဝင် စာရွက်စာတမ်းများ မပြနိုင်ကြဘဲ ၅ ဦးရဲ့ ပတ်စ်ပို့မှာလည်း သက်တမ်းကုန်ဆုံးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းအနေနဲ့ အဆိုပါအလုပ်သမားတွေကို ပို့ဆောင်ရန်အတွက် ဘတ်ငွေ ၂၂၀၀၀ရရှိမှာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

လက်ရှိမှာတော့ ယာဉ်မောင်းအား တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်စေရန် ကူညီပေးခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း စွဲချက်ဖြင့် တရားစွဲဆိုထားပြီး နိုင်ငံခြားသားအလုပ်သမားများကိုမူ တရားမဝင် နိုင်ငံခြားသားများအဖြစ် သို့မဟုတ် နေထိုင်ခွင့် ခွင့်ပြုချက် သက်တမ်းလွန်နေသည့် နိုင်ငံခြားသားများ အဖြစ် တရားစွဲဆိုထားတယ်လို့ CIB ကဖော်ပြထားပါတယ်။ 

Share.
Leave A Reply

Exit mobile version