ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်ရှင်က အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်ဖြုတ်ခဲ့မယ်ဆိုရင် လျော်ကြေးငွေခံစားခွင့်ရှိပါတယ်။ ဒါပေမယ့် ခြွင်းချက်တွေလည်း ရှိပါတယ်။ 

အောက်ပါအချက်တွေကို လုပ်မယ်ဆိုရင် လျော်ကြေးငွေ ခံစားခွင့်မရှိပါဘူး။

၁  အလုပ်ရှင်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း

၂  အလုပ်ရှင်ထိခိုက်ပျက်စီးစေရန် တမင်ရည်ရွယ်၍ ပြုလုပ်ခြင်း

၃  လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ  အလုပ်ကို သုံးရက်ဆက်တိုက် ပျက်ကွက်ခြင်း

၄ အလုပ်ရှင်အတွက် ကြီးမားသောဆုံးရှုံးမှုကိုဖြစ်စေသည့် ပေါ့ဆသော လုပ်ဆောင်မှုကို ပြုလုပ်ခြင်း

၅ ဥပဒေနှင့်အညီ မျှတစွာ အလုပ်စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို အလုပ်ရှင်က ထုတ်ပြန်ထားသော်လည်း ဖောက်ဖျက်သောကြောင့် စာထုတ်ပြန်သတိပေးခံရသည်တိုင် ထပ်မံဖောက်ဖျက်ခြင်း။ (ပြင်းထန်သည့် ပြစ်မှုတစ်ခုခုကျူးလွန်လျှင်တော့ အလုပ်ရှင်မှ စာထုတ်ပြန်သတိပေးစရာမလိုပါ။ စာထုတ်ပြန်သတိပေးမှုသည် တစ်နှစ်အထိ အသက်ဝင်မည်ဖြစ်သည်။)

၆ တရားရုံးမှ အပြီးသတ်ဆုံးဖြတ်ချက်ဖြင့် ထောင်ဒဏ်ကျခံရန် အပြစ်ပေးခံရခြင်းတို့ ဖြစ်ပါတယ်။

Ref: IOM Thailand/ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲ

Share.
Leave A Reply

Exit mobile version