အမျိုးသမီးတွေအနေနဲ့ ထိုင်းမှာ အလုပ်ခွင်ဝင်တဲ့အခါ မသင့်တော်တဲ့အလုပ်တွေ ဥပဒေအရခိုင်းလို့မရတဲ့ အလုပ်တွေကို သိထားရမယ်နော်။ ဒါမှ  အလုပ်သမားအခွင့်အရေးအရ တချို့အခြေအနေတွေမှာ ကာကွယ်ပေးနိုင်မှာ ဖြစ်သလို မလိုလားအပ်တဲ့ ပြသနာတွေကိုလည်း ကာကွယ် ပြီးသား ဖြစ်ပါလိမ့်မယ်။ 

မနိုင်ဝန်ထမ်းခိုင်းတာ

အလုပ်ခွင်မှာ အမျိုးသမီးတွေကို ၂၅ ကီလိုဂရမ်ထက်ပိုတဲ့အလေးချိန်ရှိတာတွေကို သယ်ခိုင်း မ ခိုင်းလို့မရပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ခံနိုင်ရည်အား ကျန်းမာရေးကို ထိခိုက်စေမယ့် မနိုင်ဝန်ထမ်းခိုင်းတာမျိုးလုပ်လို့မရပါဘူးနော်။  ၂၅ ကီလိုဂရမ်ဆိုတာ အနီးစပ်ဆုံး ပြောရရင် ၅ လီတာ ရေသန့်ဘူး ၅ ဗူးအလေးချိန်နဲ့ နီးစပ်ပါတယ်။ 

အမြင့်တက်ခိုင်းတာ

နောက်တစ်ခုက ဆောက်လုပ်ရေးလုပ်ငန်းလိုနေရာမျိုးတွေမှာ မြေကြီးကနေ ဆယ်မီတာထက် ပိုမြင့်တဲ့အမြင့်တွေပေါ်တက်ပြီး အလုပ်လုပ်ရတာမျိုး လုံခြုံရေးအရ မသင့်တော်တဲ့နေရာတွေမှာ အမျိုးသမီးတွေကို အလုပ်လုပ်ခိုင်းလို့လဲမရပါဘူး။ 

ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် မီးလောင်လွယ်တဲ့ ပစ္စည်းထုတ်လုပ်တဲ့နေရာတွေနဲ့ သဘာဝဓာတ်ငွေ့လို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေမှာလဲ အမျိုးသမီးတွေကိုခိုင်းခွင့်မရှိပါဘူး။

ပြီးတော့ အန္တရာယ်များတဲ့မြေအောက် ရေအောက်တွေမှာ တူးဖော်လုပ်ကိုင်ရတဲ့အလုပ်မျိုး ဥပမာ မိုင်းတွင်းလိုနေရာမျိုးတွေမှာ အလုပ်ရှင်တွေအနေနဲ့ အမျိုးသမီးတွေကို အလုပ်ခန့်လို့မရပါဘူးနော်။

ကိုယ်ဝန်ဆောင်တွေကို ဘာတွေ ခိုင်းလို့ မရဘူးလဲ 

အချိန်ပိုဆင်းခိုင်းတာ ၊ ညဉ့်နက်ထိအလုပ်လုပ်ခိုင်းတာ ၊ တနင်္ဂနွေနဲ့အခြားရုံးပိတ်ရက်လိုနေ့မျိုးတွေမှာ အလုပ်ဆင်းခိုင်းတာ ပြီးရင် အလေးအပင် မ ခိုင်းတာ ကျန်းမာရေးမညီညွတ်တဲ့ ဖုန်တွေ ဓာတ်ငွေ့တွေ ရှိတဲ့နေရာမျိုးတွေမှာ အလုပ်ခိုင်းတာမျိုး မရပါဘူး။ 

ဒါတွေက ထိုင်းအလုပ်သမားဥပဒေအရ သတ်မှတ်ထားတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံသားပဲဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားပဲဖြစ်ဖြစ် ဒီဥပဒေနဲ့အကျုံးဝင်တယ်နော်။

Share.
Leave A Reply

Exit mobile version