အဝယ်ဆုံးနိုင်ငံတွေထဲ ဒုတိယနေရာမှာရှိ
ထိုင်းမှာ မြန်မာတွေ ကွန်ဒိုတိုက်ခန်းဝယ်တာ သိသိသာသာ မြင့်တက်လာပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ ပထမလေးလမှာတင် မြန်မာတွေရဲ့ ကွန်ဒိုဝယ်ယူမှုနှုန်းက ၁၂ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။
ဒါဟာ တရုတ်ပြီးရင် ဒုတိယဝယ်ယူမှုအများဆုံး နိုင်ငံဖြစ်လာတာပါ။ မြန်မာရဲ့ ဝယ်ယူမှုဟာ သိသိသာသာနဲ့ ဒုတိယနေရာထိ ခုန်တက်လာတာဖြစ်ကြောင်း ထိုင်းသတင်းတစ်ရပ်ဖြစ်တဲ့ The Nation မှာ ဖော်ပြထားပါတယ်။
တရုတ်၊ ပြင်သစ်၊ဂျာမနီ၊ယူကေ၊ ရုရှား၊ဩစတြေးလျ၊အမေရိကန်၊ထိုင်ဝမ်၊ စင်္ကာပူတို့နဲ့အတူ မြန်မာဟာ ထိပ်တန်းဆယ်နိုင်ငံမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
မြန်မာဝယ်ယူမှုမြင့်တက်နေပေမယ့် နိုင်ငံခြားသားဝယ်ယူမှုအခြေအနေဟာ ကမ္ဘာ့စီးပွားရေးအနေအထားနဲ့ယှဉ်ပြီး သတိထားဝယ်ယူနေတဲ့ အခြေအနေမှာရှိတယ်လို့ သတင်းမှာဖော်ပြပါတယ်။ တရုတ်ဟာ ထိပ်တန်းမှာရှိပေမယ့်
၁၉ ရာခိုင်နှုန်းကျသွားပါတယ်။
Ref: The Nation