မေ ၁၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ မိုးရာသီကာလ ရောက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင်သတ်မှတ်ကြေငြာပါတယ်။ မိုးရာသီနဲ့ပတ်သက်လို့  ယာဉ်မတော်တဆမှုတွေကို သတိထားဖို့လည်း ထိုင်းနိုင်ငံ ရောဂါကာကွယ်ရေးဌာန(DDC)က သတိပေးပါတယ်။ 

ထိုင်းနိုင်ငံတွင်း မိုးရွာတဲ့ကာလလို့ ပြောလို့ရမယ့် မေလကနေ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းဟာ ပျှမ်းမျှ တစ်လကို  လူပေါင်း ၁၃၅၀ ရှိပါတယ်။ မိုးတွင်းကာလ တစ်နှစ်စုစုပေါင်း ပျှမ်းမျှ ၈၁၀၀ ကျော်ရှိနေတာပါ။ 

စလစ်ဖြစ်လမ်းချော်မှုနဲ့ အမြင်မရှင်းလင်းမှုက မိုးတွင်းယာဉ်တိုက်မှုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပါတယ်။ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ် မိုးရာသီကာလတွေအတွင်း ကောက်ယူခဲ့တဲ့ အချက်အလက်တွေပေါ်အခြေခံပြီး ထိုင်းနိုင်ငံရောဂါကာကွယ်ရေးဌာနက သတိပေးထားတာဖြစ်ပါတယ်။ 

Ref: The Nation

Share.
Leave A Reply

Exit mobile version