၁။ အလုပ်လုပ်ကိုင်ခွင့်မှတ်ပုံတင်ကို အမြဲဆောင်ထားရပါမယ်။

၂။ အထောက်အထားတစ်ခုခုလုပ်ပေးမယ်၊ အလုပ်ရှာပေးမယ် စသဖြင့် ပြောဆို ဆက်ဆံလာတဲ့ ကြားပွဲစားတွေကို သတိထားပြီးဆက်ဆံသင့်ပါတယ်။ အလိမ်အညာတွေ ရှိတတ်ပါတယ်။

၃။  ထိုင်းဘာသာစကားကို သင်ယူထားသင့်ပါတယ်။ အချိန်မရဘူးဆိုရင်တော့ လုပ်ငန်းခွင်သုံး စကားအနည်းငယ်နဲ့ ထမင်းစားရေသောက်လောက် တတ်ထားသင့်ပါတယ်။

၄။ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာရပါမယ်။ မီးနီဖြတ်တာ၊ ဆိုင်ကယ် ဦးထုပ်မဆောင်းတာ၊ လိုင်စင်မပါဘဲ မောင်းနှင်တာ၊ မူးပြီးမောင်းတာတွေ မလုပ်သင့်ပါဘူး။

၅။ ထိုင်းနိုင်ငံသုံး လမ်းပေါ်က သင်္ကေတတွေနဲ့ ၊ သတိပေးချက်တွေကို လေ့လာထားရပါမယ်။

၆။ ရထားစီးခြင်း၊ ကားစီးခြင်းလို အများပြည်သူဆိုင်ရာဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ စည်းကမ်းလိုက်နာသင့်ပါတယ်။ စနစ်တကျ သန့်ရှင်းစွာ နေထိုင်သင့်ပါတယ်။ ဆေးလိပ်မသောက်ရတဲ့နေရာမှာ ဆေးလိပ်မသောက်တာမျိုး ဖြစ်ပါတယ်။

၇။ အစိုးရ စာရွက်စာတမ်း၊မှတ်ပုံတင်တွေကို အတုမပြုလုပ်သင့်ပါဘူး။

အထက်ပါ အချက် ၇ ချက်ဟာ ထိုင်းအလုပ်သမားရေးရာဌာနကနေ တရားဝင်ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပညာပေးအဖြစ်ထုတ်ပြန်ထားတဲ့ စာအုပ်ပါ အချက်အလက်တွေကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။

Ref: ထိုင်းအလုပ်သမားရေးရာဌာန/ ထိုင်းနိုင်ငံအတွင်းတရားဝင်လုပ်ကိုင်သော

အလုပ်သမားများအတွက် ပညာပေးလက်စွဲ

https://www.doe.go.th/prd/main/general/param/site/1/cat/26/sub/0/pull/singleview/view/detail/object_id/1

Share.
Leave A Reply

Exit mobile version