ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့ ထိုင်းမှာ အိမ်ငှားလို့ရပါတယ်။ ထိုင်းမှာ အိမ်ငှားတဲ့အခါ ကာလတိုနဲ့ ကာလရှည်ဆိုပြီး နှစ်မျိုးရှိပါတယ်။

ကာလတို

ကာလတိုဆိုတာ သုံးနှစ်ထက်မပိုတဲ့ အချိန်ကိုဆိုလိုပါတယ်။ ဒီလို ကာလတို ငှားရမ်းတဲ့အခါ အစိုးရရုံးတစ်ခုမှာ မှတ်တမ်းတင်ရတာ၊ မှတ်ပုံတင်ရတာမျိုး မလိုပါဘူး။ အိမ်ရှင်၊ အိမ်ငှား နှစ်ဦးနှစ်ဘက်ကြားသာ စာချုပ် ချုပ်ဖို့လိုပါတယ်။

ကာလရှည်

ကာလရှည်ဆိုတာကတော့ သုံးနှစ်ထက်ပိုတဲ့ကာလကို ခေါ်ပါတယ်။ ဒီလိုကာလရှည်ငှားမယ်ဆိုရင်တော့ မှတ်ပုံတင်ပြုလုပ်ရပါတယ်။ ကိုယ်ငှားမယ် မြေ၊နေရာ၊အဆောက်အအုံရှိရာ မြေစာရင်းရုံးမှာ “ငှားရမ်းမှုမှတ်ပုံတင်” ပြုလုပ်ရပါတယ်။  ထိုင်းဥပဒေအရ ငှားရမ်းမှုစာချုပ်ဟာ သုံးနှစ်သက်တမ်းသာရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်ကို နှစ်ပေါင်း ၃၀ အထိ သက်တမ်းတိုးသွားခွင့်ရှိပါတယ်။

Ref: ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲ / IOM Thailand

https://thailand.iom.int/sites/g/files/tmzbdl1371/files/documents/Post-arrival%2520Orientation%2520Manual%2520for%2520Migrant%2520Workers%2520%2528Myanmar%2529.pdf
Share.
Leave A Reply

Exit mobile version