ထိုင်းနိုင်ငံရဲ့  အလုပ်သမားကာကွယ်ရေးဥပဒေက နိုင်ငံတွင်းမှာရှိတဲ့ အလုပ်သမားအားလုံးကို အကာအကွယ်ပေးထားပါတယ်။ ဒါကြောင့် တရားဝင်ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်အနေနဲ့လည်း ဥပဒေက ပြဌာန်းထားတဲ့ ဒီအခွင့်အရေးတွေကို ခံစားခွင့်ရှိပါတယ်။ ဒီထဲကမှ IOM ကပြန်လည်ထုတ်ပြန်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်ပါ သိသင့်တဲ့အချက်အချို့ကို ဖော်ပြပေးပါမယ်။

အလုပ်ချိန်

အလုပ်ချိန် တစ်နေ့ ၈ နာရီထက် မပိုရပါဘူး။ ကျန်းမာရေးနဲ့ လုံခြုံရေးထိခိုက်နိုင်တဲ့ နေရာတွေမှာတော့ အလုပ်ချိန်ဟာ တစ်နေ့ ၇ နာရီထက် မပိုရပါဘူး။၅ နာရီဆက်တိုက် အလုပ် လုပ်ပြီးတဲ့အခါတိုင်း ၁ နာရီ အနားရရမှာ ဖြစ်ပါတယ်။ အသက်၁၈နှစ်အောက်အလုပ်သမားတွေကတော့  ၄ နာရီဆက်တိုက် လုပ်ပြီးတိုင်း နားချိန် တစ်နာရီ ရရပါမယ်။

လစာငွေ

လစာငွေကို တစ်လတစ်ခါ ပေးရပါမယ်။ အနည်းဆုံးလို့ သတ်မှတ်ထားတဲ့လစာငွေထက် မနည်းတဲ့ လစာဖြစ်ရပါမယ်။

အချိန်ပို

အချိန်ပိုလုပ်ရမယ်ဆိုရင် အလုပ်သမားရဲ့ ဆန္ဒအတိုင်းပဲဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုလို အရေးပေါ်အခြေအနေမျိုးကတော့ ခြွင်းချက်ဖြစ်ပါတယ်။ ပုံမှန် ၁ နာရီလုပ်ခလစာထက် ၁.၅ ဆ ထက်မနည်းတဲ့ အချိန်ပိုကြေးကို ပေးရပါမယ်။

နားရက်

တစ်ပတ်ကို အနည်းဆုံး တစ်ရက်နားခွင့်ရှိရပါမယ်။ တစ်နှစ်မှာ ပုံမှန်အလုပ်ပိတ်ရက် ၁၃ ရက် ရှိရပါမယ်။ ခွင့်ရက်ကတော့ ၆ ရက်ထက်မနည်းရှိရပါမယ်။အလုပ်နားရက်မှာ အလုပ်သမားအလုပ်လုပ်ချင်ရင် ပုံမှန်တစ်ရက်လုပ်အားခရဲ့ ၁ ဆထက်မနည်း ပေးရမှာ ဖြစ်ပါတယ်။ အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်မှာ အလုပ်လုပ်ရင် ပုံမှန်လုပ်အားခရဲ့  ၂ ဆထက်မနည်း ရရှိခွင့်ရှိပါတယ်။ အချိန်ပိုလုပ်ရမယ်ဆိုရင်တော့ ၃ ဆထက်မနည်းတဲ့ အချိန်ပိုခကို ရခွင့်ရှိပါတယ်။

လျော်ကြေးငွေ

အပြစ်တစ်စုံတစ်ရာမရှိဘဲ ရွှေ့ပြောင်းအလုပ်သမားကို အလုပ်ဖြုတ်ခဲ့မယ်ဆိုရင်တော့ လျော်ကြေးငွေ ခံစားခွင့်ရှိပါတယ်။

Ref: IOM Thailand/ ရွှေ့ပြောင်းအလုပ်သမား လမ်းညွှန်လက်စွဲ

https://thailand.iom.int/sites/g/files/tmzbdl1371/files/documents/Post-arrival%2520Orientation%2520Manual%2520for%2520Migrant%2520Workers%2520%2528Myanmar%2529.pdf

Share.
Leave A Reply

Exit mobile version