အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ယူတဲ့ ပထမဆုံးနေ့မှာ အလုပ်သမား ဝန်ကြီးအသစ် မစ္စသီနုချ် ထီယန်ထောင်းက အလုပ်သမားတွေရဲ့ အကျိုးအတွက် နောက်လာမယ့် ၄ လ အတွင်း အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်မယ့် အရေးပေါ် အစီအစဉ်တွေကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဝန်ကြီးက လုပ်သားရှားပါးမှုဟာ စီးပွားရေးကို ထိခိုက်စေတဲ့ အရေးပေါ် ပြဿနာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လုပ်သား ဖြည့်တင်းခြင်း

အလုပ်သမားဝန်ကြီးဌာနက မြန်မာလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်သက်တမ်းတိုးမြှင့်တဲ့ ကိစ္စကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပြီး ဒါက လုပ်သားလိုအပ်ချက် ဖြည့်ဆည်းရာမှာ အရေးပါတဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီရိလင်္ကာလုပ်သားတွေကို ခေါ်ယူမယ့် ကိစ္စကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ပြီး လုပ်သားအင်အား ဖြည့်တင်းသွားမှာဖြစ်ပြီး လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ကို ၄ လအတွင်း အပြည့်အဝ မြှင့်တင်ပေးနိုင်ဖို့ ပုဂ္ဂလိကကဏ္ဍကနေ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ပူးပေါင်းသင်ကြားပေးသွားမှာပါ။

လူမှုဖူလုံရေး အခွင့်အရေးများ မြှင့်တင်ရေး

ဝန်ကြီးက အာမခံထားသူတွေအတွက် လူမှုဖူလုံရေး အခွင့်အရေးတွေကို တရားမျှတမှုရှိပြီး အကျိုးရှိစေဖို့ အမြန်ဆုံး တွန်းအားပေး ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။ သက်ကြီး ပင်စင်လစာ၊ ကလေး စရိတ် နဲ့ သွားနှင့်ဆိုင်တဲ့ စရိတ်တွေလို အရေးကြီးတဲ့ အခွင့်အရေးတွေကို လေးလအတွင်း အမြန်ဆုံး ဖြေရှင်းပေးသွားမှာ ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာရှိတဲ့ အာမခံထားသူတွေအတွက် အခွင့်အရေးရရှိစေဖို့ အထူးအစီအမံတွေ ရှာဖွေသွားမယ်လို့ ပြောပါတယ်။ အရင်က ကြာမြင့်ခဲ့တဲ့ လူမှုဖူလုံရေး ကိစ္စရပ်တွေကို အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ပေးမယ်လို့လည်း ဆိုပါတယ်။

အုပ်ချုပ်ရေးပိုင်းနှင့် ပွင့်လင်းမြင်သာမှု

ဝန်ကြီးဌာနအတွက် အရေးပါတဲ့ အမြဲတမ်းအတွင်းဝန် အသစ် ခန့်အပ်ရေး ကိစ္စကိုလည်း ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ဝန်ကြီး ရဲ့ ပြောကြားချက်အရ အစိုးရမူဝါဒ ကြေညာပြီးတာနဲ့ ဒီ အမြန်လုပ်ရမည့် ကိစ္စတွေကို နောက်တစ်ပတ်အတွင်း အရှိန်အဟုန်နဲ့ စတင် အကောင်အထည်ဖော်သွားမယ်လို့ matichon သတင်းအရသိရပါတယ်။

Share.
Leave A Reply

Exit mobile version