ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်က ကြက်ကင်ရောင်းတဲ့သူတစ်ဦးဟာ ဆိုင်ကယ်ပျောက်တယ်လို့ အိပ်မက်မက်ပြီး ထီထိုးခဲ့ရာမှာ ဘတ် ၁၂ သန်းတန် ထီဆုကြီးကို ပေါက်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် မစ္စတာ ရေဝတ်ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ဆိုင်ကယ်ပျောက်သွားတယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ နိုးလာတော့ အိပ်မက်ကို အတိတ်နိမိတ်အဖြစ်ယူပြီး ဆိုင်ကယ်နံပါတ်ပြားက ဂဏန်း ၄၆ ကို အခြေခံပြီး ထီနံပါတ် ၀၇၄၆၄၆ ကို ထိုးခဲ့ပါတယ်။ သူဝယ်ခဲ့တဲ့ ထီလက်မှတ်နှစ်စောင်စလုံးဟာ ပထမဆုကြီး ပေါက်ခဲ့တာဖြစ်ပါတယ်။
ထီပေါက်ပြီးနောက် မစ္စတာ ရေဝတ်က သူရရှိတဲ့ ဘတ် ၁၂ သန်းကို မိသားစုက စီမံခန့်ခွဲပေးမှာဖြစ်ပြီး သူကိုယ်တိုင်ကတော့ အရင်အတိုင်း ကြက်ကင်ဆက်ရောင်းသွားမယ်လို့ ပြောခဲ့တယ်လို့ Thairath သတင်းအရ သိရပါတယ်။