ထိုင်းနိုင်ငံမှာခရီးသည်တင်ယာဉ်အငှားဝန်ဆောင်မှုတွေအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်အသက်ဝင်မယ့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေကြောင့် ခရီးသည်တွေဟာ အရင်ကထက် ပိုပြီး ဘေးကင်းလုံခြုံတဲ့ ဝန်ဆောင်မှုတွေကို ရရှိခံစားနိုင်မှာဖြစ်သလို အ​ထောက်အထားပြရမယ့် အဆင့်တွေလည်း ရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ရေးအချက်အလက် အတည်ပြုခြင်း

ယာဉ်မောင်းတဲ့သူရော၊ ခရီးသည်တွေပါ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ မှတ်ပုံတင်အချက်အလက်တွေကို ပလက်ဖောင်းမှာ ထည့်သွင်းအတည်ပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တရားဝင်အထောက်အထားစာရွက်စာတမ်း မရှိရင် အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ အက်ပလီကေးရှင်းကို အသုံးပြုတိုင်း ဒီလိုအတည်ပြုမှုတွေ ထပ်မံလုပ်ဆောင်ရနိုင်ပါတယ်။

လုံခြုံမှုနဲ့ စိတ်ချရမှု

တရားဝင်ယာဉ်မောင်းနဲ့ ယာဉ်များ 

  • ယာဉ်မောင်းတွေအားလုံးဟာ တရားဝင် အများပြည်သူသုံး ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားရမှာဖြစ်ပြီး ယာဉ်တွေကိုလည်း စံချိန်စံညွှန်းပြည့်မီအောင် မှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသည်တွေအနေနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။

GPS ခြေရာခံစနစ် 

  • ခရီးစဉ်တစ်လျှောက်လုံးကို GPS စနစ်နဲ့ အချိန်နဲ့တစ်ပြေးညီ ခြေရာခံပေးသွားမှာဖြစ်လို့ လုံခြုံမှုအပြည့်အဝရရှိစေမှာပါ။

ပွင့်လင်းမြင်သာမှုနှင့် အခွင့်အရေး

ကြိုတင်သိနိုင်သော အချက်အလက်များ 

  • ခရီးစဉ်စရိတ်၊ လမ်းကြောင်းနဲ့ ရောက်ရှိမယ့်အချိန်တွေကို ကြိုတင်သိနိုင်တာကြောင့် လိမ်လည်ခံရမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။

ယာဉ်မောင်းအချက်အလက် 

  • ကားမခေါ်ခင်ကတည်းက ယာဉ်မောင်းရဲ့ နာမည်၊ ဓာတ်ပုံ၊ လိုင်စင်နဲ့ ကားနံပါတ် စတဲ့အချက်အလက်တွေကို ကြိုတင်ကြည့်ရှုနိုင်ပါတယ်။

အကူအညီနှင့် တိုင်ကြားမှုများ 

  • အရေးပေါ်အခြေအနေ ဒါမှမဟုတ် ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အကူအညီတောင်းခံနိုင်မယ့် လမ်းကြောင်းတွေ ပါဝင်လာပါတယ်။ အငြင်းပွားမှုဖြစ်ခဲ့ရင်လည်း အထောက်အထားအဖြစ် မှတ်တမ်းတင်ထားတာမျိုးတွေ ရှိလာမှာ ဖြစ်ပါတယ်။

ဒီဥပဒေအသစ်ကြောင့် ယာဉ်မောင်းနဲ့ ပလက်ဖောင်းတွေအတွက် လုပ်ထုံးလုပ်နည်းတွေ ပိုများလာပေမယ့် ခရီးသည်တွေအတွက်တော့ ပိုပြီး ဘေးကင်းစိတ်ချရတဲ့ ခရီးသွားလာမှု အတွေ့အကြုံကို ရရှိလာမှာဖြစ်ပါတယ်။

Share.
Leave A Reply

Exit mobile version