ထိုင်းနိုင်ငံ၊ နခွန်ပထုံရှိ စက်ရုံတစ်ခုမှ အလုပ်သမားတွေကို အလုပ်ဆင်းရက်များ၊ ပိတ်ရက်များအတွက် လုပ်ခနှစ်ဆမပေးခြင်းနဲ့ ဆေးထောက်ခံစာပါတဲ့ ခွင့်ရက်များအတွက် လစာဖြတ်တောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီစက်ရုံမှ အလုပ်သမားတွေက သူတို့ရဲ့ဆန္ဒအရ တစ်ရက်သာနားခဲ့ခြင်းကြောင့် ကြိုတင်အကြောင်းမကြားဘဲ အတင်းအကျပ်လက်မှတ်ထိုးခိုင်းကာ အလုပ်မှ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ထုတ်ပယ်ခံရသူပေါင်း ၅၀ ကျော်ရှိ​ပေမယ့် တိုင်ကြားမှု မပြုလုပ်ရဲကြတာကြောင့် ၎င်းတို့အနက်မှ ၉ ဦးသာ M.H.A.C (မဟာမိတ်အဖွဲ့) ထံ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စအတွက် NUG အလုပ်သမားဝန်ကြီးဌာန နဲ့ M.H.A.C (မဟာမိတ်အဖွဲ့)တို့က အလုပ်သမားများအား သက်ဆိုင်ရာဒေသရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

Share.
Leave A Reply

Exit mobile version