ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အရက်ရောင်းချခွင့်မရှိတဲ့အချိန်မှာ ဆိုင်ထဲမှာ အရက်သောက်နေရင် ဘတ် ၁၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်တဲ့ ဥပဒေသစ်ကြောင့် ဖျော်ဖြေရေးလုပ်ငန်းတွေ အခက်တွေ့နေရပါတယ်။ ပတ္တရားမှာရှိတဲ့ ညပိုင်းလုပ်ငန်းရှင်တွေက ဒီဥပဒေဟာ အခုအချိန်မှာ အဆိုးရွားဆုံးဖြစ်နေတဲ့ စီးပွားရေးအခြေအနေကို ပိုဆိုးစေနိုင်တယ်လို့ ပြောပါတယ်။

ပတ္တရားဟာ ကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်ပြီး ဘားနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကနေ အဓိက ဝင်ငွေရှာကြပါတယ်။ ဒါပေမဲ့ ဒီဥပဒေကြောင့် မိုးရွာလို့၊ ကားစောင့်နေလို့ ဒါမှမဟုတ် အရက်မူးနေလို့ ဆိုင်ပိတ်ချိန်ကျော်လွန်တဲ့အထိ ဆိုင်ထဲမှာ ဆက်ထိုင်နေတဲ့ နိုင်ငံခြားသား ခရီးသွားတွေကိုပါ ဒဏ်ရိုက်ခံရနိုင်ပါတယ်။ ဒီအခြေအနေဟာ ခရီးသွားလုပ်ငန်းရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ လုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေက အစိုးရအနေနဲ့ စီးပွားရေးကို အားပေးနိုင်မယ့် အစီအမံတွေကို ထုတ်ပြန်ပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒီဥပဒေက ပတ္တရားမြို့ရဲ့ စီးပွားရေး ပြန်လည်နာလန်ထူလာဖို့ကို အဟန့်အတားမဖြစ်စေဖို့လည်း လိုလားကြတယ်လို့ khaosod သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version