စားသောက်ဆိုင်များ ဝင်ငွေပိုတိုးလာဖို့ မျှော်လင့်

ထိုင်းနိုင်ငံမှာ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအတွင်း အရက်ရောင်းချခွင့်ပိတ်ပင်ထားတဲ့ ဥပဒေကို ရုပ်သိမ်းလိုက်ပြီး ဥပဒေကိုပြန်လည် ပြင်ဆင်ခွင့်ပြုလိုက်ပြီဖြစ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေက ဝမ်းသာအားရ ကြိုဆိုကြပါတယ်။ ဒါဟာ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဘာတွေပြောင်းလဲသွားလဲ

အရင်တုန်းက ၁၉၇၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေအရ နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအတွင်း စားသောက်ဆိုင်တွေမှာ အရက်ရောင်းလို့မရပါဘူး။ အခု ဒီဥပဒေကို ပြင်ဆင်ခွင့်ပြုလိုက်ပြီဖြစ်လို့ မကြာခင်မှာ စားသောက်ဆိုင်တွေဟာ နေ့လယ်ပိုင်းမှာလည်း အရက်ကို ပုံမှန်ရောင်းချနိုင်တော့မှာပါ။

ဘာကြောင့်ပြောင်းလဲခဲ့တာလဲ

စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ခရီးသွားတွေဟာ နေ့လယ်စာစားချိန်မှာ အရက်ကို တွဲဖက်သောက်သုံးလေ့ရှိတဲ့အတွက် ဒီဥပဒေဟာ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားခရီးသည်တွေအနေနဲ့ ဒီအချိန်မှာ အရက်ဝယ်မရတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်စေပြီးတခြားအချိန်မှ ဝင်တာမျိုး ဖြစ်နေလို့ နေ့လယ်ပိုင်းမှာ စားသောက်ဆိုင်တွေဟာ ဧည့်သည်မရှိဘဲ ငြိမ်သက်နေရပါတယ်။ ဒီဥပဒေကို ပြင်ဆင်လိုက်ရင် စားသောက်ဆိုင်လုပ်ငန်းဟာ ၂၅% အထိ ဝင်ငွေတိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

လူငယ်တွေအတွက်ကော စိုးရိမ်စရာရှိလား

လူငယ်တွေကို ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး ဥက္ကဌက စိတ်ပူစရာမရှိဘူးလို့ ပြောပါတယ်။ အသက် ၂၀ အောက်လူငယ်တွေကို အရက်ရောင်းချခြင်းမပြုရဆိုတဲ့ ဥပဒေ၊ အရက်သေစာသောက်စား မောင်းနှင်ခြင်းကို တားမြစ်ထားတဲ့ ဥပဒေတွေ ရှိပြီးသားဖြစ်တဲ့အတွက် ဒီလိုအချိန်တိုးချဲ့တာဟာ လူငယ်တွေအပေါ် ထိခိုက်မှုမရှိနိုင်ဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဥပဒေနဲ့ ထိန်းချုပ်တာထက် ပြည်သူတွေကို အသိပညာပေးတာက ပိုအရေးကြီးတယ်လို့လည်း ထောက်ပြခဲ့ကြောင်း khaosod သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version