ထိုင်းစီးပွားရေး လုပ်ငန်းတွေမှာ တွင်ကျယ်နေတဲ့ “အခုယူ နောက်မှပေး” Buy now Pay Later အစီအစဉ်တွေကို ထိုင်းအစိုးရက အထူးစိုးရိမ်လျှက် ရှိပါတယ်။ အဲဒီစနစ်ဟာ အစားသောက်နဲ့ လောင်စာဆီလို နေ့စဉ်အသုံးပြုနေရတဲ့ ကုန်ပစ္စည်းတွေအထိ တွင်ကျယ်လာနေတာပါ။ ထိုင်းအစိုးရရဲ့ စီမံကိန်းယူနစ်ဖြစ်တဲ့ NESDC (National Economic and Social Development Council) ဒါဟာ အိမ်ထောင်စုတွေ အကြွေးပိုတင်စေနိုင်တယ်လို့ NESDC က သတိပေးထားပါတယ်။

အွန်လိုင်းချေးငွေအက်ပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုလည်း NESDC ရဲ့ အတွင်းရေးမှူးက အခုလို ထောက်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကုန်ပစ္စည်းတွေကို အရစ်ကျစနစ်နဲ့ အလွယ်တကူ ဝယ်ယူလို့ ရနေတာဟာ အိမ်ထောင်စုတွေအပေါ် နောင်အခါ ကြွေးမြီဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးတာ ဖြစ်ပါတယ်။ 

ချေးငွေထုတ်ပေးပုံ

  • လက်ရှိအကြွေးတွေကို ထည့်မတွက်ဘဲ အလွယ်တကူ ချေးငွေပေးနေကြပါတယ်။

စည်းကမ်းသတ်မှတ်ချက်

  • ချေးငွေဆိုင်ရာ စည်းကမ်းတွေက မပြတ်သားဘဲ လိုအပ်ချက်တွေ နည်းပါးနေပါတယ်။

မြင့်မားတဲ့ ချေးငွေပမာဏ

  • ချေးယူသူတွေကို မလိုအပ်ဘဲ အလွန်များပြားတဲ့ ချေးငွေပမာဏတွေ ပေးနေပါတယ်။

ကန့်သတ်မဲ့အသုံးပြုမှု

  • ချေးငွေတွေကို ပလက်ဖောင်းပေါ်တင်မကဘဲ စားသောက်ဆိုင်၊ ရုပ်ရှင်လက်မှတ်၊ လေယာဉ်လက်မှတ်စတဲ့ နေရာတွေမှာပါ အသုံးပြုနေကြပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံသူများရဲ့ သက်ရောက်မှု

ကိုဗစ်-၁၉ ဖြစ်ပြီးနောက်မှာ နိုင်ငံခြားသားပိုင် ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ လျင်မြန်စွာ ဝင်ရောက်လာပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ကိုယ်စားလှယ်တွေသုံးပြီး ဈေးနှုန်းချိုသာစွာရောင်းချခြင်းနဲ့ အထူးဈေးနှုန်း မြှင့်တင်မှုတွေ လုပ်ဆောင်ကြတယ်လို့ ယုံကြည်နေကြပါတယ်။ ဒီအခြေအနေကြောင့် စစ်တမ်းကောက်ယူခံရတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် သုံးပုံတစ်ပုံက သူတို့လုပ်ငန်းတွေ ရပ်တည်နိုင်မလားဆိုတာ မရေရာဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

သတင်း – Bangkokpost

Share.
Leave A Reply

Exit mobile version