ထောင်ဒဏ် ၂ နှစ်အထိ ရှိ 

ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တိုက်ခိုက်သူမှန်သမျှ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမယ်လို့ သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တိုက်ခိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာလို့ ဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေအနေနဲ့ မျိုးချစ်စိတ်ရှိပေမဲ့ တရားမဝင်တဲ့ လုပ်ရပ်တွေ မလုပ်သင့်ဘူးလို့ CIB က အလေးအနက် ပြောကြားခဲ့ပါတယ်။

သူတစ်ပါးကို စော်ကားမှုနဲ့ ပြစ်မှုထင်ရှားရင် ရာဇသတ်ကြီးပုဒ်မတွေအရ အရေးယူခံရမှာဖြစ်ကြောင်း CIB က ရှင်းလင်းပြောဆိုခဲ့ပါတယ်။ပြစ်ဒဏ်တွေအနေနဲ့

ပုဒ်မ ၂၉၅ အရ သူတစ်ပါးကို ထိခိုက်နစ်နာစေမှုနဲ့ ကိုယ်ခန္ဓာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်ရင် ထောင်ဒဏ် ၂ နှစ်အထိ၊ ဒါမှမဟုတ် ဘတ် ၄၀,၀၀၀ အထိ ငွေဒဏ်၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။

ပုဒ်မ ၂၉၇ အရ ကိုယ်ထိလက်ရောက် ပြင်းထန်စွာ ထိခိုက်နစ်နာစေမှု ကျူးလွန်ရင် ထောင်ဒဏ် ၆ လကနေ ၁၀ နှစ်အထိ၊ ဒါမှမဟုတ် ဘတ် ၁၀၀၀၀ ကနေ ၂၀၀၀၀၀ အထိ ငွေဒဏ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။

သတင်း – thenation

Share.
Leave A Reply

Exit mobile version