မဲဆောက်မြို့မှာ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်ကာ စားသောက်ကုန်များ ရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို မဲဆောက်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာ မဲဆောက်ရဲစခန်းမှူး ရဲ့ ညွှန်ကြားမှုဖြင့် ဒုတိယရဲအုပ် ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ မဲဆောက်မြို့တွင်း လှည့်ကင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ထိုသို့ စစ်ဆေးရာမှ ခွင့်ပြုချက်မရှိဘဲ အစားအသောက်များ ရောင်းချနေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူများထံမှ အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနဲ့ မြန်မာဘာသာဖြင့် ရေးသားထားသော ဝင်ငွေ-ထွက်ငွေ စာရင်းစာအုပ်တို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူများကို နိုင်ငံခြားသားအနေနဲ့ ခွင့်ပြုချက်မရှိတဲ့ အလုပ်လုပ်ခြင်း နဲ့ ခွင့်ပြုထားတဲ့အခွင့်အရေးများထက် ကျော်လွန်၍ အလုပ်လုပ်ကိုင်ခြင်း စတဲ့ စွဲချက်များဖြင့် တရားစွဲဆိုရန်အတွက် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

သတင်း – maesotpolicestation

Share.
Leave A Reply

Exit mobile version