ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ ဗုဒ္ဓဟူးနေ့က ၁၀ ဘီးကားတစ်စီးကနေ ပစ်ကပ်ကား၅စီးကို ဝင်တိုက်မိခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမြန်မာနိုင်ငံသားအများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဖြစ်စဉ်မှာ ဆန်ခ်လာဘူရီမြို့လယ်ကနေ ၈ ကီလိုမီတာလောက်အကွာမှာရှိတဲ့ အဝေးပြေးလမ်းပေါ်က တောင်ဆင်းနေရာမှာ ၁၀ ဘီးကားတစ်စီးက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ရှေ့က ပစ်ကပ်ကား ၅ စီးကို ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။တိုက်မိတဲ့ အရှိန်ကြောင့် ကားအချို့က လမ်းဘေးထိုးကျပြီး တချို့ကတော့ မှောက်သွားတာ၊ ကွန်ကရစ်တုံးတွေကို ဝင်တိုက်မိတာတွေ ဖြစ်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကားအပျက်အစီးတွေကြားကနေ ကယ်ထုတ်ဖို့အတွက် ဟိုက်ဒရောလစ်ကတ်ကြေးတွေနဲ့ ထွန်စက်တစ်စီးကိုပါ အသုံးပြုခဲ့ရကာ တစ်နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်မှာ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူတွေထဲက ၅ ဦးကတော့ အခြေအနေစိုးရိမ်ရတာကြောင့် ကန်ချနာဘူရီဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အရ အခင်းဖြစ်ပွားတဲ့နေရာဟာ မိုးရွာရင် လမ်းချောပြီး မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ဒီဖြစ်စဉ်ရဲ့ မူလအကြောင်းရင်းကိုဘရိတ်ပေါက်တာလို့ ခန့်မှန်းထားပါတယ်။

သတင်း – bangkokpost 

Share.
Leave A Reply

Exit mobile version