ယနေ့မနက် ဇူလိုင် ၂၄ ရက်နေ့မှာ တာမွန်ထုမ် ဘုရားကျောင်းအနီး ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်နိုင်ငံတပ်တွေ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။  နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေနဲ့ ခရီးသွားလာတာတွေကို ပိတ်ဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်းမှာ အခုလို ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ 

ဖြစ်စဉ်အရ မနက် ၇ နာရီ ၃၅ မိနစ်လောက်မှာ ဆူရာနာရီ တပ်မဟာက ထိုင်းနိုင်ငံအနေနဲ့ တာမွန်ထုမ် ဘုရားကျောင်းကို ခရီးသွားလာခွင့် ပိတ်လိုက်ပြီဆိုတာ ကမ္ဘောဒီးယားဘက်ကို အသိပေးဖို့ သွားညှိနှိုင်းခဲ့ပေမဲ့ ကမ္ဘောဒီးယားဘက်က ခွင့်မပြုတာကြောင့် ဆွေးနွေးလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက်မှာ ထိုင်းဘက်က ဘုရားကျောင်းတက်တဲ့လမ်းနဲ့ ပတ်ဝန်းကျင်ကို ဆူးကြိုးခြံစည်းရိုးတွေ တပ်ဆင်လိုက်တာကြောင့် ကမ္ဘောဒီးယားစစ်သားတွေကလည်း ၎င်းတို့ဘက်မှာ လက်နက်တွေ တပ်ဆင်လာပြီး မောင်းသူမဲ့ လေယာဉ်နဲ့ပါ ကင်းထောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

မနက် ၈ နာရီ ၂၀ မိနစ်လောက်မှာ လက်နက်အပြည့်အစုံနဲ့ ကမ္ဘောဒီးယားစစ်သား ခြောက်ဦးဟာ ထိုင်းတပ်တွေ ကာထားတဲ့ ဆူးကြိုးခြံစည်းရိုးနားကို ချည်းကပ်လာခဲ့ပြီး စတင်ပစ်ခတ်ခဲ့တာကြောင့် ထိုင်းစစ်သားတွေက မိမိကိုယ်ကိုယ် ကာကွယ်ရန် ပြန်လည်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တာပါ။ လက်ရှိမှာတော့ ထိုင်းတော်ဝင်ကြည်းတပ်က အခြေအနေကို သေချာစောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သတင်း – thenation/khaosod

Share.
Leave A Reply

Exit mobile version