အခုလိုကာလတွေက လူလိမ်တွေအနေနဲ့ နည်းပညာတွေကို အသုံးချပြီး ပိုပြီးအဆင်ပြေပြေ လှည့်စားလာနိုင်တဲ့အချိန် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာလည်း အွန်လိုင်းနဲ့ဖုန်းလိမ်လည်မှုတွေ တနေ့ထက်တနေ့ များလာနေပြီး တစ်ခါတလေ မထင်မှတ်ဘဲ အလိမ်ခံလိုက်ရပြီး  ငွေကြေးဆုံးရှုံးနေရတာမျိုးတွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ 

အဖြစ်များဆုံး လိမ်လည်နည်းများ

အွန်လိုင်းစျေးဝယ်လိမ်လည်ခြင်း (၅၇%)

  • ဆိုရှယ်မီဒီယာမှာ စာမျက်နှာအတုတွေ ဖန်တီးပြီး စျေးပေါပေါနဲ့ ပစ္စည်းတွေ ရောင်းပါတယ်။ ပြီးရင် ငွေလွှဲပေးပြီးတာနဲ့ ပျောက်ကွယ်သွားတာမျိုးပါ။ 

ဆုရရှိသည်ဟု လိမ်လည်ခြင်း (၁၃%)

  • တကယ်မရှိတဲ့ ဆုတွေရတယ်ဆိုပြီး အယောင်ဆောင် လိမ်လည်တာ။ 

အလုပ်အကိုင်အတု (၁၁%)

  • အလုပ်ရဖို့အတွက် ကြိုတင်ငွေသွင်းခိုင်းတာမျိုး။

ချေးငွေလိမ်လည်မှု (၇%)

  • ငွေချေးပေးမယ်ဆိုပြီး ကြိုတင်ငွေတောင်းခံတာ။

 ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှု (၆%)

  • နာမည်ကြီးတွေ၊ အဖွဲ့အစည်းနာမည်တွေကို သုံးပြီး  မြင့်မားတဲ့အကျိုးအမြတ်တွေ ရမယ်လို့ ကတိပေးကာ အတုအယောင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေနဲ့ လှည့်စားတာ။

ရဲအယောင်ဆောင်ခြင်း 

  • ရဲတွေအယောင်ဆောင်ပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်တယ်ဆိုကာ ပိုက်ဆံတောင်းတာ။

မီးဖြတ်မည်ဟု ခြိမ်းခြောက်ခြင်း

  • လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီအယောင်ဆောင်ပြီး မီတာခ မဆောင်တဲ့အတွက် မီးဖြတ်မယ်လို့ ခြိမ်းခြောက်တာ။

SMS အတု သတိပေးချက်များ 

  • အတည်ပြုဖို့ ဒါမှမဟုတ် အခကြေးငွေပေးဖို့ လင့်ခ်တွေပါတဲ့ မက်ဆေ့ချ်အတုတွေပို့တာ။

ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ။

အက်ပ်လုပ်ဆောင်ချက်တွေကို အသုံးပြုပါ 

  • ကိုယ့်ရဲ့ကတ်တွေကို မိုဘိုင်းလ်အက်ပ်ထဲကနေ လော့ခ်ချတာ ဒါမှမဟုတ် ခဏရပ်ထားတာ၊ အချိန်နဲ့တစ်ပြေးညီ သတိပေးချက်တွေရယူတာနဲ့ နေ့စဉ်သုံးစွဲမှု ကန့်သတ်ချက်တွေ သတ်မှတ်တာမျိုးတွေ လုပ်ပါ။

အမြဲတမ်း စစ်ဆေးအတည်ပြုပါ 

  • ပိုက်ဆံမလွှဲခင် ဘယ်လိုအွန်လိုင်းအရောင်းအဝယ်မဆို မလုပ်ဆောင်ခင် အချက်အလက်တွေကို သေချာစစ်ဆေးပါ။

အရေးတကြီးမက်ဆေ့ချ်များကို သတိထားပါ 

  • သက်သေအထောက်အထားမရှိဘဲ အရေးတကြီး ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်တွေကို လျစ်လျူရှုပါ။

ကိုယ်ရေးအချက်အလက်တွေ မမျှဝေပါနဲ့

  • ဖုန်း ဒါမှမဟုတ် မက်ဆေ့ချ်ကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘဏ်အချက်အလက်တွေ၊ ကတ်အချက်အလက်တွေကို ဘယ်သူ့ကိုမှ မပေးပါနဲ့။ ဖုန်းခေါ်တဲ့သူက အစိုးရ ဒါမှမဟုတ် ဘဏ်ကလို့ ပြောရင်တောင် မပေးပါနဲ့။

၂၀၂၅ ခုနှစ်မှာ အလိမ်ခံရတဲ့အရေအတွက် ၄၂% လျော့သွားခဲ့ပေမယ့်၊ လိမ်လည်ခံရတဲ့ တစ်ယောက်ချင်းစီရဲ့ ပျမ်းမျှဆုံးရှုံးမှုကတော့ ၉% တိုးလာပါတယ်။ ၂၀၂၄ ခုနှစ်မှာ ဘတ် ၈၃,၈၀၀ ကနေ ဒီနှစ်မှာ ဘတ် ၉၁,၅၀၀ အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါဟာ လိမ်လည်သူတွေက လူနည်းနည်းကိုပဲ ပစ်မှတ်ထားပေမယ့်၊ ပိုပြီးငွေကြေးချမ်းသာသူ ဒါမှမဟုတ် ပိုပြီးထိခိုက်လွယ်တဲ့သူတွေကို ဦးတည်နေတယ်ဆိုတာ ပြနေပါတယ်။

Share.
Leave A Reply

Exit mobile version