ဒီနေ့မှာ MOU နဲ့လာရင် ရရှိနိုင်မယ့် အခွင့်အရေးတွေနဲ့ အခြေအနေတွေအကြောင်း ပြောပြပေးပါမယ်။ MOU ဆိုတာကတော့ နှစ်နိုင်ငံ အဖွဲ့အစည်းတွေအကြား နှစ်ဖက်နားလည်သဘောတူညီ မှုတစ်ခုပါ။ MOU နဲ့ ထိုင်းမှာ လုပ်ကိုင်နေတဲ့ သူတွေအတွက် ဘာအခွင့်အရေးတွေ ရနိုင်ပါမလဲ?
MOU နဲ့လာတဲ့အခါ ဒီအခွင့်အရေးတွေ ရှိမယ်
၁။ Visa နှစ်နှစ်စာ
- ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် ၂ နှစ်ဗီဇာရမှာပါ။
၂။ အလုပ်လုပ်ခွင့်ကတ် (Work Permit) နှစ်နှစ်စာ
- သတ်မှတ်ထားတဲ့အလုပ်မှာ တရားဝင်လုပ်နိုင်ဖို့ ခွင့်ပြုချက် ၂ နှစ်စာ ရပါတယ်။
၃။ Passport
- နိုင်ငံတကာခရီးသွားဖို့အတွက် လိုအပ်တဲ့ ပါတ်စပို့ရပါတယ်။
၄။ ကျန်းမာရေးစစ်ဆေးမှု
- ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ ကူးစက်ရောဂါ ၆ မျိုးအတွက် ကျန်းမာရေးစစ်ဆေးခွင့်နဲ့ ထိုင်းကိုဝင်ရောက်တဲ့အချိန်မှာလည်း Covid – 19 စစ်ဆေးပေးမှာပါ။
၅။ သင်တန်းတက်ခွင့်
- ထိုင်းအလုပ်သမားဥပဒေတွေအကြောင်း၊ လုပ်ငန်းတာဝန်တွေ နဲ့ကျန်းမာရေးညွှန်ကြားချက်တွေကို သင်ကြားပေးပါတယ်။
၆။ သယ်ယူပို့ဆောင်ပေးခြင်း
- အလုပ်သမားတွေအတွက် လေဆိပ် ဒါမှမဟုတ် ကိုယ်ရောက်ရှိတဲ့နေရာကနေ လုပ်ငန်းနေရာအထိ ကြိုပေးပါတယ်။
၇။ တရားဝင်အလုပ်သမားအဖြစ်မှတ်ပုံတင်စာ (BT.13)
- BT 13 က ထိုင်းအတွင်း တရားဝင်လုပ်ကိုင်ခွင့်ရှိကြောင်း အထောက်အထားစာရွက်တစ်စောင် ဖြစ်ပါတယ်။စာရွက်စာတမ်းထုတ်ပေးတာနဲ့ အလုပ်အကိုင်ရုံးမှာ မှတ်ပုံတင်ပြီး တရားဝင်အလုပ်သမားအဖြစ် အသိအမှတ်ပြုခံရမှာပါ။
ဘာတွေ ပိုကေင်းလဲ
MOU နဲ့အလုပ်ဝင်တဲ့အခါ အကျိုးကျေးဇူးအနေနဲ့
တရားဝင်အလုပ်သမား ဖြစ်ခြင်း
- ကိုယ်ကတရားဝင်အလုပ်သမားဖြစ်တဲ့အတွက်ကြောင့် ရဲဖမ်းခံရတာတွေနဲ့ အလုပ်အကိုင်နဲ့ပတ်သတ်တဲ့ ဥပဒေချိုးဖောက်တာတွေဖြစ်မှာ စိတ်ပူရတာမျိုး မရှိတော့ပါဘူး။
လုပ်ငန်းခိုင်မာမှု ရရှိခြင်း
- တရားဝင်အလုပ်စာချုပ် နှစ်နှစ်နဲ့အတူ စိတ်ချလက်ချနဲ့ အလုပ်လုပ်နိုင်ပါတယ်။ ၂ နှစ်စာ သတ်မှတ်စာချုပ်အောက်မှာ တည်ငြိမ်တဲ့ အလုပ်လုပ်ခွင့်ရရှိထားတာကြောင့် အလုပ်ရှာဖို့မလိုပါဘူး။
ကျန်းမာရေးအာမခံ
- အနည်းဆုံး ၆ လစာအတွက် ကျန်းမာရေးအာမခံ ပကန်စခွန် ရပါတယ်။
အခကြေးငွေ
- MOU လမ်းကြောင်းမှာ အလုပ်သမားဆီက အခကြေးငွေတောင်းခွင့်မရှိတာကြောင့် အလုပ်လုပ်ရဖို့အတွက် အခကြေးငွေပေးစရာမလိုပါဘူး။
ကိုယ်က MOU နဲ့ လုပ်ကိုင်နေတာဆိုရင် ဒါသိတွေ သိထားခြင်းအားဖြင့် အခက်အခဲ ရှိလာတဲ့အခါ ကိုယ်တိုင် ဖြေရှင်းနိုင်သလို မိတ်ဆွေတွေလည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
Ref:p.c80