ဖုန်းပြောတဲ့ အသံဖိုင် ပေါက်ကြားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပေထုတ်ထန်ကို ဖြုတ်ချဖို့ ဖိအားပေးမယ့် လူထုဆန္ဒပြပွဲတစ်ရပ် ဘန်ကောက်မြို့လယ်မှာ ပေါ်လာပါတော့မယ်။ အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင် Victory Monument မှာ လာမယ့် စနေနေ့ မွန်းလွဲပိုင်းက စလို့ လူပေါင်းများစွာ စုရုံးဖို့ ပြင်ဆင်နေကြတာပါ။ ထိုင်းနိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူ ဖရွမ်ပန်နဲ့ အခြားဆန္ဒပြခေါင်းဆောင်တွေက ဒီလှုပ်ရှားမှုကို ဦးဆောင်မှာပါ။
ဆန္ဒပြပွဲနေရာကို ဦးတည်လာတဲ့လူစုလူဝေးကြောင့် ဘန်ကောက်မြို့အတွင်း လမ်းပိတ်တာတွေ သွားလာရခက်ခဲတာတွေနဲ့ လုံခြုံရေးစစ်ဆေးမှုတွေ ဖြစ်လာနိုင်ပါတယ် ။အခြေအနေတွေ မတော်တဆပြင်းထန်လာခဲ့ရင်တော့ ရဲနဲ့ စစ်တပ်တွေ ဆင်းလာနိုင်တဲ့အခြေအနေလည်း ရှိပါတယ်။
မြန်မာတွေအနေနဲ့ သိထားရမယ့် အချက်တွေ
၁။ လူစုလူဝေးနေရာများ သတိထားရန်
- ဆန္ဒပြပွဲအနီးအနားမှာ ရဲနဲ့ စစ်တပ် စစ်ဆေးမှုတွေ တင်းကြပ်နိုင်တာကြောင့် တရားဝင်စာရွက်စာတမ်း မပြည့်စုံသူများအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ လူပေါင်းများစွာ ရှိနေနိုင်တာကြောင့် လုံခြုံရေးလည်း ပိုပြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အထူးဖြင့် vitory monument နဲ့ အနီးတဝိုက်ပါ။
ဆန္ဒပြပွဲ အချိန်
၂။ ဇွန်လ ၂၈ ရက်၊ စနေနေ့ မွန်လွဲပိုင်းက စလို့ Victory Monument နား လူစုကြမှာပါ။ ဆန္ဒပြတာကို မွန်းလွဲ ၄ နာရီကစလို့ ည ၉ နာရီအထိ ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။
၃။ အထောက်အထားစာရွက်တွေ ဆောင်ထားရန်
- Work permit, Passport, Visa စတဲ့ စာရွက်တွေအမြဲဆောင်ထားဖို့လိုပါတယ်။မရှိရင် သံသယဖြစ်ပြီး ဖမ်းဆီးခံရနိုင်ပါတယ်။
၄။ လူအုပ်ထဲ ဝင်ပါမိတဲ့အခါ
- မတော်တဆဖြစ်လာနိုင်တဲ့အခြေအနေတွေကြောင့် ဖမ်းဆီးတာမျိုးတွေရှိလာတဲ့အခါ ကိုယ့်အနေနဲ့ ကြားညပ်ပြီး ဖမ်းဆီး စစ်ဆေးခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မြန်မာလုပ်သားရေး ဆောင်ရွက်သူအချို့ကတော့ လူအုပ်တွေထဲ ဝင်မပါမိစေဖို့ အကြံပေးထားပါတယ်။
၅။ သတင်းမှားတွေ မယုံကြည်ရန်
- ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ချိန်သားကိုက်သတင်းမှားတွေ တက်လာနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက တင်ဆက်လာတဲ့ သတင်းမျိုးတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၆။ ချက်ချင်းအကူအညီတောင်းရန်
- မတော်တဆအခြေအနေတစ်ခုခုကြောင့် ပြဿနာပေါ်ပေါက်လာခဲ့ရင် တရားဝင်အလုပ်ရှင်၊ မိတ်ဆွေ၊ အလုပ်သမား ကူညီရေးအဖွဲ့တွေ စတဲ့ ကိုယ်ယုံကြည်ရသူတွေနဲ့ ချက်ချင်းဆက်သွယ်ဖို့လိုပါတယ်။
ဒီကိစ္စက မြန်မာလူမျိုးတွေနဲ့ တိုက်ရိုက်မပတ်သက်ဘူးဆိုပေမယ့် ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် လှုပ်ရှားမှုတစ်ခုခုဖြစ်လာတဲ့အချိန်မှာ သတိထားဖို့လိုပါတယ်။ ဘယ်အချိန်မှာ ဘာဖြစ်နိုင်တယ်ဆိုတာ မခန့်မှန်းနိုင်တာမို့ လူစုလူဝေးနေရာတွေ အထူးသဖြင့် နိုင်ငံရေးဆန္ဒပြပွဲတွေလိုနေရာတွေ ရောက်နေတဲ့အခါ အထူးသတိထားရမှာ ဖြစ်ပါတယ်။
သတင်း – bangkokpost / thenation / thaiger
photo :aigenerated