MOU လမ်းကြောင်းနဲ့လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အချို့အခြေအနေအရ ကန့်သတ်ထားတဲ့အလုပ်တွေကလွဲရင် အလုပ်ရှင်ပြောင်းလို့ ရပါတယ်။ဒါပေမဲ့ ဥပဒေအရ လုပ်ငန်းစဉ်တွေကို တိတိကျကျ လိုက်နာဖို့ အရေးကြီးပါတယ်။

အလုပ်ပြောင်းခွင့်ရဖို့လိုအပ်တဲ့အခြေအနေတွေကဘာတွေလဲ။ 

၁။ စာချုပ်သက်တမ်းကျန်ရှိရမယ်။

  • MOU လမ်းကြောင်းနဲ့လာသူတစ်ဦးဟာ စာချုပ်တစ်ခုနဲ့လာတာမို့ အဲ့ဒီစာချုပ်မှာ ကျန်ရှိတဲ့  အလုပ်သက်တမ်းအတွင်းမှာသာ အလုပ်ရှင်အသစ်အတွက် အလုပ်လုပ်ခွင့် ရှိပါတယ်။  (ဥပမာ – စာချုပ် ၂ နှစ်စာမှာ  ၁ နှစ်ကုန်ပြီးသွားရင် အလုပ်ရှင်အသစ်နဲ့ အလုပ်လုပ်ခွင့် ၁ နှစ်သာကျန်ရှိပါမယ်)

၂။ အထူးအခြေအနေတချို့ရှိရမယ်။

အလုပ်ပြောင်းဖို့အတွက် အခုလိုအခြေအနေတွေရှိဖို့လဲ လိုပါတယ်။ 

  • အလုပ်ရှင်က ကိုယ်တိုင် ရပ်ဆိုင်းခြင်း ဒါမှမဟုတ် သေဆုံးခြင်း
  • အလုပ်ရှင်က အလုပ်သမားအပေါ် ဥပဒေချိုးဖောက်ခြင်း (ဥပမာ- အကြမ်းဖက်ခြင်း၊လစာမပေးခြင်း)
  • အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကြောင့် စာချုပ်ပယ်ဖျက်ခြင်း
  • လုပ်ငန်းခွင်မှာ အန္တရာယ်ရှိခြင်း
  • လုပ်ငန်းပြိုကွဲခြင်း စတဲ့အခြေအနေတွေမှာ အလုပ်ပြောင်းခွင့်ရှိပါတယ်။ 

ဒါပေမယ့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး တားမြစ်ထားတဲ့အလုပ်တွေလည်း ရှိတတ်ပါတယ်။ဥပမာ – ပင်လယ်စာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းစတဲ့ အလုပ်တွေကနေ အခြားလုပ်ငန်းကို ပြောင်းခွင့်မရှိတာတွေ ရှိတတ်ပါတယ်။ဒါပေမယ့် အဲဒီလုပ်ငန်းအတွင်းမှာပဲ အလုပ်ရှင်ပြောင်းလို့ရနိုင်ပါတယ်။

၃။ ဥပဒေမလိုက်နာရင် ပြစ်ဒဏ်ခံရနိုင်တယ်။

  • အလုပ်သမားအသစ်ကို အလုပ်ရှင်က ဥပဒေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ၁၅ ရက်အတွင်း သတင်းမပေးပဲ ခန့်ထားတာမျိုးနဲ့ အလုပ်ရှင်ပြောင်းဖို့အတွက် စည်းမျဉ်းတွေမလိုက်နာရင် အလုပ်ရှင်နဲ့အလုပ်သမား နှစ်ဦးစလုံးကို ဒဏ်ကြေး ဒါမှမဟုတ် ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။ 

အလုပ်ပြောင်းဖို့ ဘာတွေလုပ်ရမလဲ 

MOU အလုပ်သမားတွေအတွက် အလုပ်ရှင်ပြောင်းတာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဆက်သွယ်တာ ဒါမှမဟုတ် အလုပ်သမားတစ်ဦးအနေနဲ့ အလုပ်အသစ်ပြောင်းမယ့်အကြောင်း သက်ဆိုင်ရာ အလုပ်သမားဌာနကို အသိပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။  

MOU နဲ့လာတဲ့အလုပ်သမားတွေဟာ အလုပ်ပြောင်းခွင့်ရှိပါတယ်။ဒါပေမယ့် သူတို့ရဲ့ စာချုပ်၊ သက်တမ်းနဲ့ လုပ်သက်မတူညီတာကြောင့် လူတိုင်းအတွက် လွယ်လွယ်တော့ ပြောင်းလို့မရပါဘူး။

အရေးကြီးတာက တရားဝင်လုပ်ငန်းစဉ်နဲ့သာ ပြောင်းဖို့၊ အလုပ်သမားနဲ့ အလုပ်ရှင်အသစ် နှစ်ဦးစလုံးက သက်ဆိုင်ရာစည်းမျဉ်းတွေကို လိုက်နာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အခတ်အခဲတစ်စုံတစ်ရာရှိရင် မြို့နယ်အလုပ်သမားရုံး ဒါမှမဟုတ် အလုပ်သမားရေး ကူညီပေးသူတွေနဲ့ တိုင်ပင်ဖို့အကြံပြုပါတယ်။

Ref : IOM 

Share.
Leave A Reply

Exit mobile version