“ဖမ်းမယ်၊ တရားစွဲမယ်၊ ဒဏ်ရိုက်မယ်၊ ပြန်ပို့မယ်”

ထိုင်းနိုင်ငံသားတွေအတွက်လို့ ရည်ရွယ်သတ်မှတ်ထားတဲ့ အလုပ်တွေမှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ထိထိရောက်ရောက် ရှာဖွေတိုက်ဖျက်သွားဖို့ ထိုင်းအလုပ်သမားဝန်ကြီးက ညွှန်ကြားလိုက်ပါတယ်။ 

ဒီကိစ္စတွေ ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ထိုင်းလုပ်ငန်းရှင်တွေ ကိုယ်တိုင်က အလုပ်သမားစားရိတ်ကို လျှော့ချလိုနေခြင်းကြောင့်လည်း ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ကိုးလ အတွင်း လုပ်ကိုင်ခွင့် မရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၄၄၀၀ ကျော်ကို ဖမ်းဆီးရမိပြီးတဲ့နောက် ဒီလို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ အမိန့်ထွက်လာတာ ဖြစ်ပါတယ်။ 

“ရှာဖွေဖမ်းဆီးမယ်” 

“စွဲချက်တင်မယ်” 

“ဒဏ်ရိုက်မယ်” 

“ပြန်ပို့မယ်” 

စတဲ့ အချက်လေးချက်နဲ့ ဒီစီမံချက်ကို အကောင်အထည် ဖော်သွားကြဖို့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေသာ လုပ်ဖို့သတ်မှတ်ထားတဲ့ ဒီအလုပ်တွေမှာ နိုင်ငံသားခြားသား ဝင်လုပ်နေကြတာကို သာမန်ဖြစ်ရပ်လို မသတ်မှတ်လိုက်ကြဖို့ ဝန်ကြီးက တိုက်တွန်းပါသေးတယ်။ 

ရိုးရာအနှိပ်လုပ်ငန်း၊ ဆံသဆရာ၊ ဈေးဆိုင်ဖွင့်ရောင်းခြင်း စတဲ့ အလုပ်အကိုင်တွေဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်နိုင်တဲ့ အလုပ်တွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

သတင်း – Bangkok Post 

#ဘီကွန်မြန်မာ #beaconmyanmar #ထိုင်းရဲ #အလုပ်အကိုင် #ထိုင်းစကား

Share.
Leave A Reply

Exit mobile version