ထိုင်းနိုင်ငံ ကန်ချနာဘူရီမှာ မြန်မာဘက်က တရားမဝင် ဝင်ရောက်လာသူ ၂၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးအဖွဲ့ကို ကြိုတင်သတင်ပေးပို့မှု ရရှိထားတာကြောင့် လက်ထောက်မြို့နယ်မှုးနဲ့ နယ်မြေခံ ပြည်သူစစ်အဖွဲ့ဝင်တွေဟာ လမ်းခရီးမှာ ကြိုတင်စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်လာသူတွေကို တင်ဆောင်လာတဲ့ ကားကိုတွေ့ချိန်မှာ နောက်ယောင်ခံ လိုက်ခဲ့ပြီးနောက် ရာဘာခြံ တစ်ခုအတွင်းမှာ ဖမ်းဆီးရမိခဲ့လို့ ထိုင်းဒေသတင်း သတင်းတခုမှာ ဖော်ပြပါတယ်။ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပြီး ယာဉ်မောင်းကို ဖမ်းဆီးရမိခြင်း ရှိ၊ မရှိဆိုတာကို မသိရသေးပါဘူး။  

ဖမ်းဆီးရမိသူတွေဟာ မလေးရှားကို အလုပ်လုပ်ကိုင်ဖို့ ကုန်းလမ်း၊ ရေလမ်းကတဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ကြသူတွေဖြစ်ပြီး တစ်ဦးကို ဘတ် ၅၅,၀၀၀ ဝန်းကျင် ပေးဆောင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေအားလုံးကို ကန်ချနာဘူရီ၊ သောင်ဖာဖွန် ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာသူတွေကို နေ့စဉ်နဲ့အမျှ  ဖမ်းဆီးမှုတွေ ရှိနေပြီ ရောက်လာကြသူတွေဟာ ဘတ်သောင်းနဲ့ချီ ကုန်ကျခံရပေမယ့် အခုလို ဖမ်းဆီးမှုတွေ မကြာခန ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ 

သတင်းနှင့် ဓာတ်ပုံ – ข่าวกาญจนบุรี ประชาชน เพื่อประชาชน

Share.
Leave A Reply

Exit mobile version