ကိုယ်က ထိုင်းမှာ ဆိုင်ကယ်၊ ဒါမှမဟုတ် ကားမောင်းနေတဲ့သူ တစ်ယောက်ပါလား။ ဒါဆိုရင်တော့ ဒဏ်ကြေးဆောင်ရတာတွေ မဖြစ်အောင် ဘီကွန်မြန်မာက အခုပြောမယ့် ဖြူနီကျား သင်္ကေတတွေ အကြောင်းကို 

သိထားမှ ဖြစ်မယ်နော်။  

အဖြူ အမည်း

ဒီအရောင်တွေ တွေ့ရင်တော့ စိတ်ကြိုက် ကားရပ်လိုက်လို့ ရပါတယ်။ တခုပဲ သတိထားပေးပါ။ နှစ်ထပ်တော့ လုံးဝ မရပ်လိုက်ပါနဲ့။ 

အဖြူ အဝါ 

ဒီအရောင် အကြောင်း သေချာသိမှ ဖြစ်မှာပါ။ သူက ထောင်ချောက်ပါ။ လူအတင်အချ၊ ပစ္စည်းအတင် အချလုပ်ဖို့  ခဏ ရပ်လို့ရတဲ့နေရာပါ။ ကားရပ်ထားခဲ့မယ်ဆိုရင်တော့ သင့်ဆီ ဒဏ်ငွေ ဖြတ်ပိုင်းက ရောက်လာမှာပါ။ 

အဖြူ အနီ 

ဒီအရောင်ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ ။ ခဏလေးဖြစ်ဖြစ် အကြာကြီးဖြစ်ဖြစ်  လုံးဝ လုံးဝ ရပ်လို့မရတဲ့နေရာဖြစ်ပါတယ် ။  တကယ်လို့ ရပ်ထားခဲ့မိရင်တော့ ယာဉ်ထိန်းရဲက ဖြတ်ပိုင်းနဲ့စောင့်နေမှာ သေချာပါတယ်။ ဇာတာတွေ အရမ်းကောင်းနေရင်တော့ ကားဘီးသော့ခတ်သွားတာပါ ခံရနိုင်ပါတယ်။ 

ဒါတွေ မလိုက်နာရင်တော့ အခု ပြောပြပေးမယ့် ဒဏ်ကြေးတွေက သင့်ကို စောင့်ဆိုင်းနေမှာပါ။ 

ဆိုင်ကယ်ဦးထုပ်မ​ဆောင်းပဲမောင်းရင် ဘတ် ၂၀ဝဝ ထိ

အလျင်လိုပြီး မြန်နှုန်းကျော်အောင် မောင်းမိရင်တော့   ဘတ် ၄၀၀၀ ထိ

လိုင်စင်မပါပဲမောင်းလို့ကတော့   ဘတ် ၂ဝဝဝ ထိပေးရနိုင်ပြီးတော့ 

အာမခံမပါရင် ဘတ် ၅၀၀

အခွန် မပါရင်လဲ  ဘတ် ၅၀၀ ပါတဲ့ 

အရေးကြီးလို့ဆိုပြီး မီးနီဖြတ်ပြီးလဲမမောင်းပါနဲ့ ဒဏ်ကြေးက ဘတ် ၄၀၀၀ ထိပေးလိုက်ရမှာပါ 

လူသွားလမ်းပေါ်လဲ တက်မောင်းလို့မရပါဘူး  မောင်းတာတွေ့ရင် ဒဏ်ကြေးက ဘတ် ၂၀၀၀ပါတဲ့ 

လမ်းပြောင်းပြန်လဲ မမောင်းပါနဲ့နော်  အန္တရာယ်လဲများသလို ဒဏ်ကြေးကလဲ ဘတ် ၂၀၀၀ လောက်ထိရှိပါတယ် 

မူးပြီးရင်တော့ မမောင်းတာအကောင်းဆုံးပါပဲ ကိုယ့်အတွက်လဲ အန္တရာယ်များသလို  ဒဏ်ကြေးကလဲ ဘတ် ၂၀၀၀၀ ကနေ ထောင်ဒဏ်ထိ အပြစ်ပေးခံရနိုင်ပါတယ် 

ဒါ့အပြင် မဆင်မခြင်မောင်းတာမျိုးလဲ သတိထားရပါမယ်  – သူလဲ ဘတ် ၂၀၀၀၀ – ထောင်ဒဏ်ထိ

Share.
Leave A Reply

Exit mobile version