ထိုင်းနိုင်ငံထဲဝင်တဲ့အခါ TM 6 ဖောင်ဖြည့်တဲ့ စနစ်ကို ပြန်လည် ပြုလုပ်မယ်လို့သိရပါတယ်။ TM 6 ဖောင်ဆိုတာ ထိုင်းနိုင်ငံထဲ ဝင်ရောက်မယ့် နိုင်ငံခြားသားတွေ နိုင်ငံထဲမဝင်ခင်ဖြည့်စွက်ရတဲ့ ဆိုက်ရောက်ကဒ်ဖြစ်ပါတယ်။

အရင်ကတည်းက ရှိတဲ့စနစ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဒီစနစ်ကို ဆိုင်းငံ့ရပ်နားထားတာဖြစ်ပါတယ်။ အခုအခါမှာ ပြန်လည်ပြုလုပ်မှာ ဖြစ်ပေမယ့် အွန်လိုင်းစနစ်ကို အသုံးပြုမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံထဲမဝင်ခင် သုံးရက်ကြိုဖြည့်ရမှာလည်း ဖြစ်ပါတယ်။ ယခုနှစ် မေ ၁ ရက်နေ့ကနေ စတင်မှာဖြစ်ပြီး https://tdac.immigration.go.th မှာ သွားရောက်ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

ဖြည့်စွက်ဖို့အတွက် ကိုယ့်ရဲ့ပတ်စ်ပို့အချက်အလက် နဲ့ ခရီးစဉ်အချက်အလက် လိုအပ်မှာ ဖြစ်ပြီး ငွေကြေးပေးသွင်းစရာမလိုပါဘူး။ လက်ရှိမှာ ငါးဘာသာနဲ့သာ ဖြည့်ခွင့်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေအတွက် အင်္ဂလိပ်လို ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

Photo : www.immigration.go.th

Share.
Leave A Reply

Exit mobile version